တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားပေါ်ရှိ Blue Dolphin ကျွန်းတွင် အာရှ-ပစိဖိတ် မီဒီယာ အဆင်မြင့်ဖိုရမ် တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားပေါ်ရှိ Blue Dolphin ကျွန်းတွင် အာရှ-ပစိဖိတ် မီဒီယာ အဆင်မြင့်ဖိုရမ် တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ်ကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဖိုရမ်သို့ တက်ရောက်မည့် ထိုင်းနိုင်ငံမီဒီယာကိုယ်စားလှယ်၊ ထိုင်း-တရုတ် သတင်းထောက်များအသင်းဥက္ကဋ္ဌ Kampon Mahanukul က ဉာဏ်ရည်တုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရာတွင် အာရှ-ပစိဖိတ်ဒေသမှ မီဒီယာများအနေဖြင့် သတင်းအချက်အလက်များ၏ မှန်ကန်မှုကို စိစစ်အတည်ပြုခြင်း၊ အရင်းအမြစ်များ မျှဝေခြင်းနှင့် အရေးကြီးသော အကြောင်းအရာများအား ပူးတွဲသတင်းဖော်ပြခြင်းတို့တွင် ပိုမိုခိုင်မာသော ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားကောင်းလာစေပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင် စီးပွားရေးနိုင်ငံများမှ ပြည်သူများအကြား အပြန်အလှန်နားလည်မှု တိုးပွားစေခဲ့ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘုံသဘောတူညီမှုများ စုစည်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Kampon Mahanukul သည် မကြာသေးမီက ဘန်ကောက်မြို့တွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို လက်ခံဖြေကြားခဲ့သည်။ ၎င်းက အာရှ-ပစိဖိတ် မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် APEC မူဘောင်အောက်ရှိ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် နီးကပ်စွာ ဆက်စပ်နေသည်ဟု ယူဆသည်။ မီဒီယာများသည် အာရှ-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် သတင်းအချက်အလက် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းတာဝန်ကို ထမ်းဆောင်နေရသောကြောင့် စီးပွားရေးနိုင်ငံအသီးသီးမှ မီဒီယာအဖွဲ့အစည်းများအနေဖြင့် ဖလှယ်မှုကို အားဖြည့်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

လက်ရှိ သတင်းမီဒီယာ ဖြန့်ချိရေး ပတ်ဝန်းကျင် အပြောင်းအလဲများအကြောင်း ပြောကြားရာတွင် Kampon Mahanukul က အွန်လိုင်းမီဒီယာ၏ လွှမ်းမိုးမှု ဆက်တိုက် ကြီးထွားလာသည်နှင့်အမျှ သတင်းထုတ်လုပ်ခြင်းနှင့် ဖြန့်ချိခြင်းအတွက် အတားအဆီးများမှာ သိသိသာသာ လျော့ကျလာသည်ဟု ပြောကြားခဲ့သည်။

"အခုက ဘယ်သူမဆို လက်ကိုင်ဖုန်းတစ်လုံးရှိရင် 'သတင်းပေးပို့သူ' လို့ ခေါ်ဆိုနိုင်တဲ့ အခြေအနေဖြစ်နေပြီ" ဟု ၎င်းက ဆိုသည်။  ဤသို့သောအခြေအနေတွင် ပင်မ မီဒီယာများအနေဖြင့် ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်ခြင်းသည် အထူးပင်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

Kampon Mahanukul က ပင်မ မီဒီယာများတွင် အတိအလင်း တာဝန်ခံမှုရှိသည့် အဖွဲ့အစည်းများ ရှိကြောင်း၊ သတင်းတစ်ပုဒ်သည် သတင်းထောက်၏ ရေးသားမှုမှ တည်းဖြတ်ခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် ထုတ်ပြန်ခြင်းအထိ ပုံမှန်အားဖြင့် အဆင့်ဆင့် စိစစ်မှုများစွာကို ဖြတ်သန်းရလေ့ရှိကြောင်း၊ နှိုင်းယှဉ်ပြောရမည်ဆိုလျှင် အချို့သော အွန်လိုင်းအကြောင်းအရာများသည် အဓိကအားဖြင့် ကြည့်ရှုသူအရေအတွက်နှင့် ဖြန့်ချိမှုအမြန်နှုန်းကို အဓိက ပစ်မှတ်ထားပြီး ယင်းဒေတာက တိုက်ရိုက် ဝင်ငွေအဖြစ်သို့ ပြောင်းလဲနိုင်သောကြောင့် အတည်မပြုရသေးသော အကြောင်းအရာများ ပိုမိုလွယ်ကူစွာ ထွက်ပေါ်လာကာ လျင်မြန်စွာ ပျံ့နှံ့နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

“အတိတ်ကာလက ပျံ့နှံ့မှုအမြန်ဆုံးမှာ ရေဒီယိုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရုပ်မြင်သံကြားဖြစ်လာတယ်။ မကြာသေးမီ ဆယ်နှစ်အတွင်းမှာ အွန်လိုင်းအင်တာနက် ဖြစ်လာတယ်။ လူတိုင်းက သတင်းကို ပထမဆုံး တင်နိုင်၊ ထုတ်လွှင့်နိုင်ဖို့ အပြိုင်အဆိုင်လုပ်လာကြတယ်။ ဒါက အမှားအယွင်းဖြစ်နိုင်ခြေ ပိုများစေတယ်” ဟု Kampon Mahanukul က ပြောကြားခဲ့သည်။

ဉာဏ်ရည်တုက မီဒီယာများကို ရုတ်ခြည်းဖြစ်ပွားသည့်သတင်းများ၏ သဲလွန်စများ ရှာဖွေတွေ့ရှိနိုင်ရန်နှင့် ခြေရာခံနိုင်ရန်  ကူညီပေးနိုင်သလို အရေးအသားနှင့် တည်းဖြတ်စိစစ်ခြင်းကိုလည်း အထောက်အကူပြုကာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သော်လည်း အချက်အလက်များ၏ မှန်ကန်မှုကို စိစစ်အတည်ပြုခြင်း၊ ကျွမ်းကျင်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် သတင်းဖော်ပြမှုအတွက် တာဝန်ယူခြင်းတို့မှာ မီဒီယာများ၏ အခြေခံတာဝန်ဝတ္တရားများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တည်ထောင်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သော ထိုင်း-တရုတ် သတင်းထောက်များအသင်းသည် နှစ်နိုင်ငံမီဒီယာများအကြား သတင်းဖလှယ်မှု၊ သတင်းထောက်များ အပြန်အလှန်လေ့လာရေးနှင့် လုပ်ငန်းခွင်မွမ်းမံသင်တန်းများ ဆောင်ရွက်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်လျက်ရှိသည်။

ထိုင်းသတင်းမီဒီယာသမား အများအပြားသည် တရုတ်နိုင်ငံသို့ သွားရောက်၍ ဉာဏ်ရည်တုအသုံးချမှု၊ မီဒီယာသစ် အကြောင်းအရာထုတ်လုပ်မှု စသည်တို့ကို လေ့လာသင်ယူခဲ့ကြပြီး နှစ်ဖက်မီဒီယာအဖွဲ့အစည်းများသည်လည်း သတင်းအရင်းအမြစ်များ မျှဝေသုံးစွဲမှုကို အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း Kampon Mahanukul က မိတ်ဆက်ပြောကြားခဲ့သည်။  မီဒီယာအဖွဲ့အစည်းများအနေဖြင့် တည်ငြိမ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထူထောင်ပြီးနောက်တွင် အတိအလင်း ခွင့်ပြုချက်ရရှိထားသည့်အခြေအနေ၌ သတင်းဓာတ်ပုံများနှင့် ဗီဒီယိုများကို ပိုမိုလျင်မြန်လွယ်ကူစွာ မျှဝေသုံးစွဲနိုင်ရန် ၎င်းက အကြံပြုခဲ့သည်။

သတင်းမီဒီယာနယ်ပယ်တွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့သော Kampon Mahanukul က ယခုအကြိမ် ဆန်းကျန့်မြို့သို့ သွားရောက်မည့်ခရီးစဉ်ကို အထူးမျှော်လင့်လျက်ရှိသည်။

တရုတ်နိုင်ငံသည် စွမ်းအင်သစ်မော်တော်ယာဉ်၊ ခေတ်မီစိုက်ပျိုးရေး၊ စက်ရုပ်နှင့် ဉာဏ်ရည်တု စသည့် နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုများသည် စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှုနှင့် နည်းပညာအသုံးချမှုတို့ကို လေ့လာကြည့်ရှုရန် ပြတင်းပေါက်အသစ်များ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ မီဒီယာများအနေဖြင့် ဖလှယ်မှုများနှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းမှုများမှတစ်ဆင့် နည်းပညာအသစ်များနှင့် ၎င်းတို့၏ အသုံးချမှုများကို နားလည်သဘောပေါက်ကာ မြင်တွေ့ကြားသိရသည်များကို ဓမ္မဓိဋ္ဌာန်ကျမှု တိကျမှန်ကန်မှုရှိသော သတင်းများဖြင့် ပြည်သူများထံ ဖော်ပြသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာမီ ဖွင့်လှစ်ကျင်းပတော့မည့် အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ်နှင့်စပ်လျဉ်း၍ Kampon Mahanukul က အာရှ-ပစိဖိတ်ဒေသရှိ မီဒီယာအသီးသီးသည် သတင်းဖော်ပြသည့် ပုံစံ၊ ယဉ်ကျေးမှုနောက်ခံနှင့် အကြောင်းအရာတင်ဆက်မှုတို့တွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြကြောင်း၊ ဤဖိုရမ်သည် ဘက်အသီးသီးအတွက် သတင်းစုဆောင်းတည်းဖြတ်မှုအတွေ့အကြုံများ ဖလှယ်ရန်၊ သတင်းထုတ်လုပ်မှုတွင် ဉာဏ်ရည်တု၏ အသုံးချမှုကို ဆွေးနွေးရန် ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိပြီး ဒေသတွင်းမီဒီယာများအကြား အပြန်အလှန်နားလည်မှု တိုးပွားစေရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။  

Kampon Mahanukul က အာရှ-ပစိဖိတ်ဒေသရှိ မီဒီယာအသီးသီးအနေဖြင့် အနာဂတ်တွင် သတင်းထောက်များ အပြန်အလှန်လေ့လာရေးနှင့် သတင်းလုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းများကို ထပ်မံဆောင်ရွက်ရန်၊ ဉာဏ်ရည်တုအသုံးချမှုဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်ရန်၊ သတင်းအရင်းအမြစ်များ မျှဝေသုံးစွဲမှုနှင့် အရေးကြီးသော အကြောင်းအရာများအား ပူးတွဲသတင်းဖော်ပြခြင်း စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

"တရုတ်-ထိုင်း နှစ်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသရှိ ယုံကြည်စိတ်ချရတဲ့ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းထောက်များအသင်းတွေအနေဖြင့် ပိုမိုတည်ငြိမ်ပြီး ရေရှည်တည်တံ့တဲ့ ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ရပ် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

专访|媒体合作凝聚亚太共识——访泰中记者协会会长甘蓬

新华社曼谷9月3日电 专访|媒体合作凝聚亚太共识——访泰中记者协会会长甘蓬   新华社记者赵彩琳 常天童  

亚太媒体高端论坛将于3日至5日在中国深圳举行。即将参会的泰国媒体代表、泰中记者协会会长甘蓬·玛哈努库表示,面对人工智能带来的新挑战,亚太地区媒体在核实新闻事实、资源共享和重大议题联合报道等方面进一步加强交流合作,增进亚太经合组织(APEC)各经济体人民相互了解,为地区发展凝聚共识。   

甘蓬日前在曼谷接受新华社记者专访。他认为,亚太媒体合作与亚太经合组织框架下的区域合作密切相关。媒体在亚太区域合作中承担信息报道和传播职责,各经济体的媒体机构应加强交流,拓展务实合作。   

谈及当前新闻传播环境的变化,甘蓬说,随着网络媒体影响不断扩大,新闻生产和传播门槛明显降低。“现在,任何人只要有一部手机,都可以成为所谓的‘报道者’。”在这种情况下,主流媒体提供权威、准确的信息尤为重要。   

他表示,主流媒体有明确的责任主体,一条新闻从记者采写到编辑、审核、签发,通常要经过多道把关。相比之下,一些网络内容以浏览量和传播速度为主要目标,流量可能直接转化为收入,这使未经核实的内容更容易产生并快速扩散。   

“过去,传播速度最快的是广播,后来是电视,近十年来则是网络。大家都争着最先发布新闻,这会增加出错的可能。”甘蓬说,人工智能可以帮助媒体发现和追踪突发新闻线索,也可以辅助写作和编辑校对,提高效率,但核实事实、作出专业判断并对报道承担责任,仍是媒体的基本职责。   

成立十多年来,泰中记者协会持续推动两国媒体开展新闻交流、记者互访和业务培训。甘蓬介绍说,多名泰国媒体工作者曾赴中国学习人工智能应用、新媒体内容制作等,双方媒体机构也在加强新闻资源共享。他建议,媒体机构建立稳定合作关系后,可在获得明确授权的前提下,更便捷地实现新闻图片和视频的共享。   

从事新闻工作20余年的甘蓬很期待此次深圳之行。他说,中国在新能源汽车、现代农业、机器人、人工智能等领域的发展提供了观察产业转型和技术应用的新窗口。媒体应通过交流和实地采访,了解新技术及应用,以客观、准确的报道将所见所闻传递给公众。   

对于即将开幕的亚太媒体高端论坛,甘蓬说,亚太地区各媒体在新闻报道方式、文化背景和内容表达方面各有特色。论坛为各方交流采编经验、探讨人工智能在新闻生产中的应用提供了平台,有助于增进区域媒体间的相互了解。   

甘蓬希望亚太地区各媒体未来进一步开展记者互访和新闻业务培训,交流人工智能应用经验,并在新闻资源共享和重大议题联合报道等方面加强合作,“希望泰中两国以及亚太地区有公信力的媒体机构和记者协会能够建立更加稳定、持久的合作机制”。(完)

图说:9月3日,在广东省珠海市,与会嘉宾在港珠澳大桥蓝海豚岛上合影。新华社记者 梁旭 摄