တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

၈ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပါဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်‌ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်ပြည့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နိုင်ငံတကာအခြေအနေ ရှုပ်ထွေးစွာပြောင်းလဲမှုအတွင်း တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်မြင့်တိုးတက်လျက်ရှိပြီး တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝကာ နှစ်နိုင်ငံ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိနိုင်ငံတကာစွမ်းအင် အခင်းအကျင်း နက်ရှိုင်းစွာ ညှိနှိုင်းပြောင်းလဲလျက်ရှိရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အပြန်အလှန်ရောယှက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်နက်ရှိုင်းစေကာ စွမ်းအင်လုပ်ငန်း ထုတ်လုပ်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်အဆင်ပြေချောမွေ့မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

ထိုနေ့တွင် ရုရှား ဖက်ဒရေးရှင်း သမ္မတ ပူတင်လည်း ၈ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်စီးပွားရေးဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

习近平向第八届中俄能源商务论坛致贺信

新华社北京9月4日电 9月4日,第八届中俄能源商务论坛在俄罗斯符拉迪沃斯托克举办。国家主席习近平向论坛致贺信。  

习近平指出,今年是中俄战略协作伙伴关系建立30周年和《中俄睦邻友好合作条约》签署25周年。在国际形势复杂变化中,中俄新时代全面战略协作伙伴关系高水平发展,中俄能源合作成果丰硕,有力促进两国共同发展,成为双方互利合作的典范。  

习近平强调,当前国际能源格局深刻调整,机遇与挑战相互交织。中方愿同俄方一道,不断深化能源合作,共同维护能源产业链供应链稳定畅通。  

同日,俄罗斯联邦总统普京也向第八届中俄能源商务论坛致贺信。(完)

图说:当地时间8月31日下午,国家主席习近平在比什凯克出席2026年上海合作组织峰会期间会见俄罗斯总统普京。 新华社记者 李响 摄