
ကျီလုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျီလုန်ခရိုင် G216 အဝေးပြေးလမ်းမကြီး၏ ရေဘေးသင့်လမ်းပိုင်း အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံလျှပ်စစ်ကွန်ရက် (The State Grid) ရှီးဇန့်လျှပ်စစ်ဓာတ်အားကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရန် အချိန်အခါကောင်းကို ဖမ်းဆုပ်ကာ အရေးပေါ်ကယ်ဆယ်ရေးအင်အားစုများကို အားဖြည့်ခဲ့သည်။ မြေပြိုခြင်းနှင့် ကျောက်တုံးများ ပြိုကျခြင်း မကြာခဏဖြစ်ပေါ်မှု စသည့် လုပ်ငန်းခွင်အန္တရာယ်များကို ကျော်လွှားကာ နေ့ရောညပါ မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃ ရက် ည ၈ နာရီတွင် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျီလုန်ခရိုင် နယ်စပ်ဂိတ်အချက်အချာနေရာ၏ ယာယီလျှပ်စစ်ဓာတ်အားလိုင်းကို ပြန်လည်ဆက်သွယ်နိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံလျှပ်စစ်ကွန်ရက် (The State Grid) က စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)
...............................
(Chinese Version)
西藏吉隆泥石流灾害核心区通电
新华社照片,吉隆(西藏),2026年9月3日
国家电网9月3日晚通报,随着西藏吉隆216国道水毁路段顺利抢通,国网西藏电力抢抓施工窗口期,加强应急抢险力量,克服山体滑坡、落石频发等现场作业风险,昼夜不间断奋战,于3日20时抢通西藏吉隆口岸核心区临时供电线路,并恢复供电。
图说1:9月3日,在吉隆泥石流灾害核心区,电力工人在架设电线。 新华社记者 丁增尼达 摄
图说2:9月3日,在吉隆泥石流灾害核心区,电力工人运输电杆和绝缘子。新华社记者 丁增尼达 摄








