တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယအသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများကို စက်တင်ဘာ ၃ ရက်မွန်းလွဲပိုင်းတွင် တရုတ်လေတပ်၏ Y-20 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့သည်။ တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ စေလွှတ်သော စတုတ္ထအသုတ် အကူအညီပေးရေး ကျွမ်းကျင်ပညာရှင်များအနေဖြင့် မှုခင်းဆေးပညာဆိုင်ရာ အကဲဖြတ်ကျွမ်းကျင်ပညာရှင် ၁၀ ဦးလည်း အဆိုပါလေယာဉ်ဖြင့် အတူရောက်ရှိလာခဲ့သည်။

ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းမောက်မင်နှင့် နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး Mahabir Pun စသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကြိုဆိုခဲ့ကြသည်။

ယခုတစ်သုတ် ကူညီထောက်ပံ့ရေးပစ္စည်းများတွင် နီပေါနိုင်ငံတွင် အရေးတကြီးလိုအပ်နေသော ရင်ခွဲရုံသုံး အအေးသေတ္တာ၊ ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ၊ လူနေမှုဘဝ အာမခံချက်ပေးသည့် ပစ္စည်းများ စသည်တို့ ပါဝင်သည်။ မှုခင်းဆေးပညာဆိုင်ရာ အကဲဖြတ်ကျွမ်းကျင်ပညာရှင်များသည် လုပ်ငန်းများကို လျင်မြန်စွာ စတင်ဆောင်ရွက်ကာ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား အတည်ပြုခြင်းလုပ်ငန်းတွင် နီပေါနိုင်ငံအား ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများတွင် နီပေါဘက်မှ သဘာဝဘေး ကယ်ဆယ်ရေးအတွက် အရေးတကြီး လိုအပ်နေသည့် ဘေလီတံတားလည်း ပါဝင်ပြီး ပထမအသုတ် ဘေလီတံတားအစိတ်အပိုင်းများကို ကုန်းလမ်းဖြင့် တရုတ်-နီပေါနယ်စပ်ရှိ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လီကျီးနယ်စပ်ဂိတ်သို့ ပို့ဆောင်ပြီး သီးခြား လွှဲပြောင်းပေးအပ်ခဲ့သည်။ (Xinhua)

..................................

(Chinese Version)

中国对尼泊尔第三批援助物资运抵交付 第四批援助专家随机抵达

新华社加德满都9月3日电(记者张平 邹学冕)3日下午,中国对尼泊尔第三批紧急援助物资由中国空军运-20大型运输机运抵尼泊尔首都加德满都的特里布万国际机场。10名法医鉴定专家作为中国对尼泊尔第四批援助专家随机抵达。  

中国驻尼泊尔大使张茂明同尼泊尔科学、技术和创新部部长马哈比尔·普恩等出席援助物资交接仪式并迎接专家团队。  

本批援助物资包括太平柜、防疫物资、生活保障物品等尼方急需物资。中方法医鉴定专家将迅速展开工作,协助尼方推进遇难者身份识别工作。  

中国对尼泊尔第三批紧急援助物资还包括尼方救灾急需的贝雷桥,首批贝雷桥组件已经陆路运抵中尼边境的西藏里孜口岸另行交付。(完)

图说:9月3日,中国对尼泊尔第三批紧急援助物资抵达尼泊尔首都加德满都的特里布万国际机场。新华社记者 邹学冕 摄