တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဆိပ်ကမ်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဆိပ်ကမ်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဆိပ်ကမ်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် SCO အဖွဲ့ဝင်နိုင်ငံများအကြား ဆိပ်ကမ်းအရင်းအမြစ်များ မျှဝေရေး၊ အားသာချက်များ အပြန်အလှန်ဖြည့်စွက်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးနှင့် ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ အဆင့်မြင့် ပြင်ပတံခါးဖွင့်လှစ်ရေးတို့ကို အထောက်အကူပြုမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့သော တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစိမ်းရောင်စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးပလက်ဖောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းနှင့် သက်မွေးပညာနှင့် နည်းပညာပညာရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာတို့နှင့်အတူ ထျန်းကျင်းမြို့သည် “ပလက်ဖောင်းနှစ်ခု၊ စင်တာနှစ်ခု” ဟူသော အခင်းအကျင်းအသစ်ကို တရားဝင် တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းမှာ ထျန်းကျင်းမြို့၏ SCO အဖွဲ့ဝင်နိုင်ငံများအား ဝန်ဆောင်မှုပေးသည့် တံခါးဖွင့်လှစ်ရေး ယန္တရားများ တစ်ဆင့်တိုး အဆင့်မြှင့်တင်လာခြင်း အမှတ်သင်္ကေတပင်ဖြစ်သည်။ (Xinhua)

……………………………..

(Chinese Version)

中国—上海合作组织口岸经济合作中心在天津揭牌成立

新华社照片,天津,2026年9月3日

9月3日,中国—上海合作组织口岸经济合作中心在天津揭牌成立,将推动上合组织国家口岸资源共享、优势互补、共同发展,助力高质量共建“一带一路”和京津冀高水平对外开放。加上2025年9月成立的中国—上海合作组织绿色产业合作平台、数字经济合作平台、职业技术教育合作中心,天津正式构建起“两平台、两中心”的全新格局,标志着天津服务上合组织国家的开放载体进一步升级。

图说1:这是9月3日拍摄的中国—上海合作组织口岸经济合作中心外景。 新华社记者 赵子硕 摄

图说2:这是9月3日拍摄的中国—上海合作组织口岸经济合作中心揭牌仪式现场。新华社发