တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျီမုဆအယ်ခရိုင်ရှိ China Three Gorges Corporation (CTG) ၏ all-vanadium redox flow စွမ်းအင်သိုလှောင်ရေး ဘက်စုံစီမံကိန်းအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျီမုဆအယ်ခရိုင်ရှိ China Three Gorges Corporation (CTG) ၏ all-vanadium redox flow စွမ်းအင်သိုလှောင်ရေး ဘက်စုံစီမံကိန်းအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ခဲ့လားမာရီး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ ပထမဆုံးနှစ်ဖြစ်သော ၂၀၂၆ ခုနှစ်တွင် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယင်း၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍများတွင် အခိုင်အမာ ဆက်လက်ပါဝင်လျက်ရှိကာ ပိုမိုစိမ်းလန်းသော၊ ပိုမိုခေတ်မီသော၊ ပိုမိုထိရောက်သော  စွမ်းအင်ဖွံ့ဖြိုးမှုနှင့် လက်တွေ့အသုံးချမှုဆီသို့ အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အဓိကကျသော ပင်မနည်းပညာအများအပြားတွင် ထိုးဖောက်အောင်မြင်မှုများ ရရှိခဲ့သလို သမားရိုးကျမဟုတ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို စီးပွားရေးအရ အကျိုးရှိရှိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကာ တွင်းတစ်တွင်းစီအလိုက် ထုတ်လုပ်မှုပမာဏကိုလည်း သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေရှည်ခံသော စွမ်းအင်သိုလှောင်မှုကို ပေါင်းစပ်ထားသည့် စွမ်းအင်စီမံကိန်းသစ်များကလည်း သောင်းနှင့်ချီသည့် အိမ်ထောင်စုများအတွက် သန့်ရှင်းစွမ်းအင် ဖြည့်ဆည်းပေးလျက်ရှိသည်။ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု နည်းပညာများကိုလည်း စွမ်းအင်ထုတ်ယူခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံးတွင် အသုံးချလျက်ရှိသည်။

ရှင်းကျန်းဒေသသည် ခေတ်မီစက်မှုလုပ်ငန်းစနစ်အတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ ချမှတ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်း၏ သယံဇာတအရင်းအမြစ် အားသာချက်များကို အသုံးချလျက်ရှိသကဲ့သို့ ဆန်းသစ်တီထွင်မှုကိုလည်း ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

..................................

(English Version)

EconomyInFocus | China's Xinjiang accelerates green, smart energy transition

KARAMAY, Sept. 2 (Xinhua) -- In 2026, the first year of China's 15th Five-Year Plan period, Xinjiang Uygur Autonomous Region has remained firmly committed to its strategic roles and accelerated the transition toward greener, smarter and more effective energy development and utilization.

In the oil and gas sector, a series of key core technologies have seen major breakthroughs, achieving economically viable development of unconventional oil and gas resources while significantly raising single-well productivity. Meanwhile, more new energy projects combining photovoltaic power generation with long-duration energy storage help provide clean energy to tens of thousands of households. Digital and intelligent technologies have been applied across the entire process of energy exploitation, development and production.

Xinjiang is tapping its resource advantages while enabling innovation to play a greater role in a continuing endeavor to lay a solid foundation for a modern industrial system.

Photo caption 1: An aerial drone photo shows an all-vanadium redox flow energy storage integrated project of China Three Gorges Corporation (CTG) in Jimsar, northwest China's Xinjiang Uygur Autonomous Region, Aug. 30, 2026. (Photo by He Long/Xinhua)

Photo caption 2: Staff members inspect a pilot facility for carbon dioxide miscible flooding at Xinjiang Oilfield Company of China National Petroleum Corporation (CNPC) in Karamay, northwest China's Xinjiang Uygur Autonomous Region, Sept. 1, 2026. (Xinhua/Ding Lei)