တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန် မြေပြိုမှု ဘေးအန္တရာယ်ဖြစ်ပွားရာ ဗဟိုဧရိယာ ရှာဖွေကယ်ဆယ်ရေးနေရာအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန် မြေပြိုမှု ဘေးအန္တရာယ်ဖြစ်ပွားရာ ဗဟိုဧရိယာ ရှာဖွေကယ်ဆယ်ရေးနေရာအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးဇန့်၊ ကျီလုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂ ရက်တွင် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများကို ရှေ့တန်းက မနားတမ်း အခိုင်အမာ ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားသည့် စိန်ခေါ်မှုများ၊ မြေပြင်အနေအထား မတ်စောက်ပြီး အန္တရာယ်များခြင်း၊ ကျောက်ခဲကျောက်တုံးများ မကြာခဏ ပြုတ်ကျလေ့ရှိခြင်းနှင့် ရာသီဥတု မတည်ငြိမ်ခြင်း စသည့် အဆုံးစွန် ခက်ခဲမှုများကို ကျော်လွှားကာ ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေမှုများကို မပြတ်ဆောင်ရွက်လျက်ရှိပြီး ပျောက်ဆုံးနေသူများကို ရှာဖွေခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို ရှာဖွေစစ်ဆေးခြင်းနှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းအသီးသီးကို အပြည့်အဝ ကြိုးပမ်းတွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် G216 လမ်းမှ ပျက်စီးသွားသော လမ်းပိုင်းများ ပြင်ဆင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးလမ်းကြောင်းမှာလည်း ဆက်လက်ဆန့်တန်းလာခဲ့သည်။ မီးသတ်ကယ်ဆယ်ရေးဝန်ထမ်းများသည် တဖြည်းဖြည်း ပေါင်းကူးဆက်သွယ်လာသော ကယ်ဆယ်ရေးလမ်းကြောင်းကို အားပြု၍ ဘေးဒဏ်သင့်ဒေသအတွင်း အနက်ရှိုင်းဆုံးနေရာများအထိ ဆက်လက်တိုးဝင်ကာ ဒေသတစ်ခုလုံး စစ်ဆေးရှာဖွေရေး ထိရောက်မှုကို ပိုမိုမြှင့်တင်ခဲ့သည်။

ယခင် ရှာဖွေကယ်ဆယ်ရေး အခြေခံပေါ်တွင် မူတည်၍ ကွပ်ကဲအုပ်ချုပ်မှု ပုံစံကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခဲ့ပြီး ကျီလုန်နယ်စပ်ဂိတ်နှင့် ၁.၅ ကီလိုမီတာကွာဝေးသော နေရာ၌ ရှေ့တန်းကွပ်ကဲရေးစခန်းကို ထူထောင်ကာ အရေးပေါ် ဆက်သွယ်ရေးစခန်းနှင့် ၃၇၀ မဂ္ဂါဟတ်ဇ် ကွန်ရက်အုပ်စုတို့ကို တစ်ပြိုင်နက်တည်း တပ်ဆင်၍ ရှေ့တန်းနှင့် နီးကပ်စွာ အဆင့်ဆင့်  ခင်းကျင်းထားသော ကွပ်ကဲရေး စနစ်ကို ဖော်ဆောင်ခဲ့သည်။

ကျီလုန်နယ်စပ်ဂိတ် ဘေးဒဏ်သင့်အချက်အချာနေရာ၊ မြစ်ဝှမ်းသဲသောင်ပြင်၊ ချောက်ကမ်းပါး လျှိုမြောင်များနှင့် အကွယ်အဝှက်နေရာများ၊ လမ်းပျက်စီးနေသည့် နေရာများ စသည့် အဓိကဒေသများကို ဦးတည်၍ ကယ်ဆယ်ရေးဝန်ထမ်းများသည် အုပ်စုခွဲ၍ အလှည့်ကျ တာဝန်ယူဆောင်ရွက်လျက်ရှိရာ သက်ရှိထောက်လှမ်းရေး ကိရိယာများ စသည့် ကျွမ်းကျင်သုံးစက်ပစ္စည်းများကို ယူဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး ခွေးများနှင့် ပူးတွဲအသုံးပြုပြီး လူအင်အား ရောက်ရှိနိုင်သမျှ အကွယ်အဝှက် နေရာတိုင်းသို့ လှည့်လည်ကာ "တစ်နေရာမျှ မကျန်ရစ်စေရန်၊ တစ်ထောင့်မျှ လိုအပ်ခြင်းမရှိစေရန်" အပိုင်းအလိုက်၊ နယ်မြေအလိုက်၊ နေရာအမှတ်အလိုက် သေချာကျနစွာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ရှေ့တန်း မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာမှ ဘေးအန္တရာယ် အခြေအနေအရ ရှာဖွေရေးအစီအစဉ်များကို ပြောင်းလဲပြင်ဆင်သွားမည်ဖြစ်ပြီး အင်အားဖြန့်ကြက်မှုများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ကာ နောက်ဆက်တွဲ ကယ်ဆယ်ရေး၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းရေးနှင့် နောက်ဆက်တွဲထောက်ပံ့ရေး လုပ်ငန်းအသီးသီးကို ခိုင်မာစွာ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

------------------

(Chinese Version)

消防救援队伍在吉隆泥石流受灾区域持续开展排查搜寻

新华社西藏吉隆9月2日电(记者黄韬铭、戴锦镕)9月2日,消防救援队伍持续坚守救援一线,克服高海拔、地形险峻、落石频发、天气多变等极端困难,开展不间断拉网式搜寻工作,全力以赴摸排失联人员、排查灾害隐患、推进抢险救援各项任务。

  当前,G216线损毁路段抢修工作持续推进,救援通道不断延伸。消防救援人员依托逐步贯通的救援通道,持续向灾区纵深挺进,进一步提升全域搜寻效率。在前期搜救基础上,调整优化作战指挥模式,在距离吉隆口岸1.5公里处设立前进指挥所,同步架设应急通信基站和370兆公网集群,形成梯次近前的指挥架构。针对吉隆口岸核心受灾区、河谷滩涂、沟壑死角、道路损毁路段等关键区域,救援人员分组轮番作业,携带生命探测仪等专业设备,搭配搜救犬深入人力可及的每一处盲区,逐段、逐片、逐点开展精细化排查,做到“不漏一处、不缺一角”。

一线消防救援队伍将根据现场灾情动态调整搜寻方案、优化力量部署,扎实推进后续抢险救援、灾情处置、善后保障等各项工作。(完)

图说 : 这是9月2日拍摄的吉隆泥石流灾害核心区搜救现场。新华社记者 丁增尼达 摄