
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်မှု၊ ကာဂျစ္စတန်နှင့် အီဂျစ်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မှု အောင်မြင်စွာ ပြီးစီး၍ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုအထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ စသည့် အတူလိုက်ပါသွားသူများက လေယာဉ်တစ်စင်းတည်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
习近平结束出席2026年上海合作组织峰会和对吉尔吉斯斯坦、埃及的国事访问回到北京
新华社北京9月3日电 9月3日上午,国家主席习近平圆满结束出席2026年上海合作组织峰会和对吉尔吉斯斯坦、埃及的国事访问后回到北京。
习近平主席夫人彭丽媛,中共中央政治局常委、中央办公厅主任蔡奇,中共中央政治局委员、外交部部长王毅等陪同人员同机返回。(完)
图说:当地时间9月1日下午,国家主席习近平圆满结束出席2026年上海合作组织峰会和对吉尔吉斯斯坦的国事访问。新华社记者 白雪骐 摄








