
ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
မတည်ငြိမ်သော နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများကြားတွင် တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အနေဖြင့် အပြန်အလှန် အထောက်အကူပြုရန်၊ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ တရုတ်-အီဂျစ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်မှုကို ဆက်လက်မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံဆွေးနွေးစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံအနေဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုရှိ၍ ရေရှည်တည်တံ့သော ဘုံလုံခြုံရေးဆိုင်ရာ မျှော်မှန်းချက်ကို ထိန်းသိမ်းခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးအခင်းအကျင်းသစ် ဖော်ဆောင်ရာတွင် ဒေသတွင်းနိုင်ငံများအား ထောက်ခံအားပေးလျက်ရှိသည်ဟုလည်း အလေးပေးပြောကြားခဲ့သည်။
နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း
၁၉၅၆ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော ပထမဆုံး အာရပ်နှင့် အာဖရိကနိုင်ငံမှာ အီဂျစ်နိုင်ငံပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံး၏ ယခင်မျိုးဆက် ခေါင်းဆောင်များသည် နိုင်ငံလွတ်လပ်ရေး၊ နယ်ချဲ့ဝါဒနှင့် ကိုလိုနီဝါဒကို ဆန့်ကျင်တွန်းလှန်ရေးအတွက် ပြည်သူများကို ဦးဆောင်ဦးရွက်ပြုလျက် ကျောချင်းကပ် ရင်ချင်းအပ်၍ တိုက်ပွဲဝင်ခဲ့ကြသလို ချိုးဖျက်၍မရနိုင်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း တရုတ်-အီဂျစ် ဆက်ဆံရေးသည် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ပြီး တန်းတူညီမျှမှုနှင့် အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် လေ့လာသင်ယူမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ထောက်ခံအားပေးမှု၊ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုဟူသော ထူးခြားလေးနက်သည့် စရိုက်လက္ခဏာများကို ဖော်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ရှီက နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုဖြင့် တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း တစ်မုဟုတ်ချင်း တိုးတက်မှုများ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်အားသစ်လောင်းမှု ဆက်လက်ဖော်ဆောင်ခြင်း၊ ပြည်သူများ၏ သာယာဝပြောမှု မြှင့်တင်ခြင်း၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှု ထိန်းသိမ်းခြင်းတို့တွင် တူညီသော သဘောထားအမြင်များရှိကာ မဟာဗျူဟာများကိုလည်း နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် အပြန်အလှန်အားဖြင့် အခိုင်အမာ အထောက်အကူပေးရေး၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှု အရှိန်အဟုန်ကို ထိန်းသိမ်းရေး၊ နယ်ပယ်အသီးသီးနှင့် အဆင့်အသီးသီးတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် ပတ်သက်၍ အပြန်အလှန် လေ့လာသင်ယူမှု ပိုမိုအားကောင်းရေးအတွက် ရှီက အလေးပေးပြောဆိုခဲ့သည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ပိုမိုထိရောက်ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အား၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးနည်းပညာကဲ့သို့သော အစဉ်အလာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ဖော်ထုတ်အသုံးချခြင်း၊ အစိမ်းရောင်စွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ်၊ လေကြောင်းနှင့်အာကာသ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာတို့တွင် အထင်ကရ ပူးပေါင်းဆောင်ရွက်မှုအသစ်များ မြှင့်တင်ဖော်ဆောင်ခြင်းတို့ လုပ်ဆောင်သင့်ကြောင်းလည်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ပြည်သူချင်း ကူးလူးဆက်ဆံမှုများ မြှင့်တင်ခြင်း၊ ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစားနှင့် အခြားနယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းအချင်းချင်း ကူးလူးဖလှယ်မှုများ လွယ်ကူချောမွေ့စေခြင်း၊ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ရှီက ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260902/7237b096f4a64c479c027e835b1bb470/c.html

.........................................
(English Version)
Xinhua Headlines: Xi calls for deepening China-Egypt cooperation, raises Mideast proposal
CAIRO, Sept. 2 (Xinhua) -- Chinese President Xi Jinping on Wednesday called on China and Egypt to support each other, deepen cooperation, and continue advancing the building of a China-Egypt community with a shared future amid a turbulent international and regional landscape.
Xi made the remarks during his talks with Egyptian President Abdel Fattah El-Sisi, while emphasizing China's support for regional countries in building a new security architecture in the Middle East via upholding a vision of common, comprehensive, cooperative and sustainable security.
ENHANCING BILATERAL EXCHANGES, COOPERATION
Noting that Egypt was the first Arab and African nation to establish diplomatic ties with the People's Republic of China in 1956, Xi said that the older-generation leaders of the two countries led their peoples in striving side by side for national independence and against imperialism and colonialism, forging an unbreakable bond of friendship.
Over the past seven decades, China-Egypt relations have weathered challenges and developed distinctive features of equality and mutual trust, friendship and mutual learning, solidarity and mutual support, as well as win-win cooperation, he said.
Xi said the China-Egypt comprehensive strategic partnership has achieved leapfrog development in recent years under the guidance of the two heads of state. The two sides share similar views and have closely aligned strategies in pursuing development and revitalization, improving people's well-being, and upholding international fairness and justice, he added.
Xi emphasized that China and Egypt should firmly support each other, maintain the momentum of high-level exchanges, enhance exchanges and cooperation in all fields and at all levels, and strengthen exchanges and mutual learning on governance experience.
Xi said the two sides should promote mutually beneficial cooperation, better align their development strategies, tap the potential for cooperation in traditional fields such as infrastructure development, power, agriculture and communications technology, and foster new highlights of cooperation in green energy, electric vehicles, aerospace, the digital economy and modern agricultural technology.
The two sides should promote people-to-people exchanges, comprehensively expand exchanges and cooperation in culture, education, science and technology, health, sports and other fields, and facilitate personnel exchanges and enhance people-to-people bonds, Xi said.
https://english.news.cn/20260902/7237b096f4a64c479c027e835b1bb470/c.html
Photo caption 1: Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with Egyptian President Abdel Fattah El-Sisi and his wife Entissar El-Sisi in Cairo, Egypt, Sept. 2, 2026. (Xinhua/Yin Bogu)
Photo caption 2: Chinese President Xi Jinping holds talks with Egyptian President Abdel Fattah El-Sisi in Cairo, Egypt, Sept. 2, 2026. (Xinhua/Yao Dawei)








