
ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်-စီစီနှင့် ဇနီး Entissar El-Sisi တို့နှင့်အတူ ဂရန်းအီဂျစ်ပြတိုက် (Grand Egyptian Museum) သို့ စက်တင်ဘာ ၂ ရက်က သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲ နှစ်ဦးနှင့် ၎င်းတို့၏ ဇနီးများက လွန်စွာလက်ရာမြောက်ပြီး ခမ်းနားထည်ဝါသော ကျောက်ထွင်းပန်းပုလက်ရာများနှင့် ကမ္ပည်းစာများ ရေးထိုးထားသည့် ကျောက်တိုင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြတိုက်၏ စူးစမ်းလေ့လာရေးမျှော်စင်မှ ပိရမစ်များကို လှမ်းမျှော်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် Tutankhamun ပြပွဲခန်းမသို့ ဝင်ရောက်ပြီးနောက် သမ္မတနှစ်ဦးသည် ဖာရိုဘုရင်၏ ရာဇပလ္လင်၊ ရွှေမျက်နှာဖုံးနှင့် တော်ဝင်စစ်ရထားများကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းရတနာများကို ကြည့်ရှုခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံများဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်နေရာများ ပေါကြွယ်ဝသည့်နိုင်ငံများလည်း ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ကာ အချိန်ကာလနှင့် နေရာဒေသများကို ကျော်လွန်၍ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုများသည် အပြန်အလှန်ဆက်နွှယ်လာခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြား ထာဝရ ချစ်ကြည်ရင်းနှီးမှု၏ အခန်းကဏ္ဍသစ်များကို ထပ်မံရေးဆွဲလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က နှစ်နိုင်ငံအနေဖြင့် တန်းတူညီမျှမှု၊ အပြန်အလှန်လေ့လာသင်ယူမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အားလုံးပါဝင်မှုတို့ကို အခြေခံသည့် ယဉ်ကျေးမှုဆိုင်ရာ မျှော်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းပြီး “ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ” (Global Civilization Initiative) ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှုအသီးသီးအကြား အားလုံးပါဝင်သော အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုကို မြှင့်တင်ရန်၊ လူသားမျိုးနွယ်၏ အေးအတူပူအမျှအသိုက်အဝန်း အဆင့်မြင့်တည်ဆောက်ရေးအတွက် ပိုမိုကြီးမားသောစွမ်းအားများ ပေါင်းစည်းရန်လည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260903/2075534d663b4e61b85158cb531cfa41/c.html
……………………………………..
(English Version)
Xi, Peng Liyuan visit Grand Egyptian Museum
CAIRO, Sept. 2 (Xinhua) -- Chinese President Xi Jinping and his wife, Peng Liyuan, visited on Wednesday the Grand Egyptian Museum accompanied by Egyptian President Abdel Fattah El-Sisi and his wife.
The two heads of state and their spouses took in the exquisite and imposing stone carvings and inscribed stone pillars. They then gazed out at the pyramids from the museum's observation deck.
Entering the Tutankhamun exhibition hall, the two presidents viewed such prized treasures as the pharaoh's throne, the golden mask and royal chariots.
Noting that China and Egypt are both ancient civilizations and countries rich in World Heritage sites, Xi said that across time and space, the two civilizations have been reaching out to each other, adding new chapters of everlasting friendship between the two peoples.
Xi called on both sides to uphold the vision of civilization based on equality, mutual learning, dialogue and inclusiveness, and implement the Global Civilization Initiative.
He also urged the two countries to promote the inclusive coexistence and mutual learning among different civilizations, and pool greater strength from civilizations to advance the building of a community with a shared future for humanity.
https://english.news.cn/20260903/2075534d663b4e61b85158cb531cfa41/c.html
Photo caption: Chinese President Xi Jinping and his wife Peng Liyuan, accompanied by Egyptian President Abdel Fattah El-Sisi and his wife Entissar El-Sisi, tour the Grand Egyptian Museum in Giza, Egypt, Sept. 2, 2026. (Xinhua/Xie Huanchi)








