
ရှန်ဟိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၂၀ အလိုနှင့် စွမ်းရည်အလင်းရောင် ထွန်းလင်းခြင်း လှုပ်ရှားမှုကို စက်တင်ဘာ ၂ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မြေအောက်ရထား ပြည်သူ့ရင်ပြင်ဘူတာရုံ၌ ကျင်းပခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ပြိုင်ပွဲကျင်းပမည့်နေ့ရက်အား ဖော်ပြသည့် အလှဆင်ထားမှုအား တရားဝင် စတင်ခဲ့သလို အမှတ် ၂ မြေအောက်ရထားလိုင်း ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲ အကြောင်းအရာဖြင့် အလှဆင်ထားသော မြေအောက်ရထားတွဲကိုလည်း တစ်ပြိုင်နက်တည်း ပထမဆုံးစတင်ပြေးဆွဲခဲ့သည်။
၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်တွင် အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
第48届世界技能大赛倒计时20天 上海推出地铁主题列车
新华社照片,上海,2026年9月2日
9月2日,第48届世界技能大赛倒计时20天暨点亮技能之光主题活动在上海地铁人民广场站举行。活动宣告倒计时装置正式启动,地铁2号线世界技能大赛主题列车同步首发。9月22日,第48届世界技能大赛将在国家会展中心(上海)开幕。
图说1、2:这是位于上海地铁人民广场站换乘大厅内的第48届世界技能大赛倒计时装置(9月2日摄)。新华社记者 方喆 摄
图说3:9月2日,市民游客乘坐上海地铁2号线世界技能大赛主题列车。新华社记者 方喆 摄








