
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နော်ဝေဘုရင်အသစ်အဖြစ် ထီးနန်းဆက်ခံသော Haakon VIII ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို စက်တင်ဘာ ၂ ရက်တွင် ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် နော်ဝေ နှစ်နိုင်ငံသည် အကွာအဝေးချင်း ဝေးလံသော်လည်း ချစ်ကြည်ရင်းနှီးမှုသမိုင်းကြောင်း ကြာရှည်ကြောင်း ထောက်ပြခဲ့သည်။
နော်ဝေနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစောဆုံး အသိအမှတ်ပြု၍ သံတမန်ဆက်ဆံရေး ထူထောင်သည့် ဥရောပနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၂ နှစ်တာကာလအတွင်း နော်ဝေတော်ဝင်မိသားစု၏ တွန်းအားပေးမှုဖြင့် နှစ်ဖက်ဆက်ဆံရေးသည် ရေရှည်တိုးတက်မှု ရရှိခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးချဲ့လာရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-နော်ဝေ ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ ဘုရင် Haakon VIII နှင့်အတူ ကြိုးပမ်း၍ တရုတ်-နော်ဝေ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံရေး စာမျက်နှာအသစ်များ ရေးခြယ်သွားလိုကြောင်း ရှီကျင့်ဖိန်က သဝဏ်လွှာ၌ ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平致电祝贺挪威国王哈康八世即位
新华社北京9月2日电 9月2日,国家主席习近平向挪威新任国王哈康八世致贺电,对其即位表示祝贺。
习近平指出,中挪两国相距虽远,但友谊源远流长。挪威是最早承认并同新中国建交的欧洲国家之一。两国建交72年来,在挪威王室积极推动下,双边关系取得长足进步,各领域合作不断拓展,给两国人民带来实实在在的利益。我高度重视中挪关系发展,愿同哈康八世国王一道努力,书写中挪友好交往新篇章。(完)








