တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ထောက်ပံ့သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအသုတ်မြောက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ထောက်ပံ့သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအသုတ်မြောက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နီပေါနိုင်ငံသို့ ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများကို စက်တင်ဘာ ၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ နီပေါဘက်မှ လိုအပ်ချက်များအရ တရုတ်နိုင်ငံအနေဖြင့် တတိယအသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများကို ပြင်ဆင်လျက်ရှိပြီး ဒုတိယအသုတ် DNA စစ်ဆေးရေး ကျွမ်းကျင်သူအဖွဲ့ကိုလည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မနေ့က မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံက နီပေါနိုင်ငံကို ပေးပို့တဲ့ ဒုတိယအသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူကို ရောက်ရှိခဲ့ပါတယ်။ DNA စစ်ဆေးရေး ကျွမ်းကျင်သူ ၅ ဦးလည်း လေယာဉ်နဲ့အတူ လိုက်ပါလာပြီး နီပေါဘက်ရဲ့ လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ နီပေါနိုင်ငံဘက်က တရုတ်နိုင်ငံ၏ အရေးပေါ်ထပ်မံကူညီထောက်ပံ့မှု၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ နီပေါနိုင်ငံဘက်၏ လိုအပ်ချက်များအရ တရုတ်နိုင်ငံအနေဖြင့် ယာယီ သံမဏိဘေလီတံတားများ၊ ရုပ်အလောင်းထားရှိသည့် အအေးသေတ္တာများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ အရေးပေါ်ဆက်သွယ်ရေး ကိရိယာများ ပါဝင်သည့် တတိယအသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများကို ပြင်ဆင်လျက်ရှိကာ ဒုတိယအသုတ် DNA စစ်ဆေးရေး ကျွမ်းကျင်သူအဖွဲ့ကိုလည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကောကျားခွန်းက အဆက်အသွယ်မရရှိတော့သည့် နိုင်ငံခြားသားများဆိုင်ရာ အချက်အလက်များကို အကြောင်းကြားခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်၏ ဆောင်ရွက်ချက်များကိုလည်း မိတ်ဆက်ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တရုတ်နိုင်ငံဆိုင်ရာ သံရုံးများနှင့် နီးကပ်စွာ ဆက်လက်ဆက်သွယ်ထားပြီး ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေစိစစ်ရေး၊ နောက်ဆက်တွဲ ကိစ္စရပ်များ စီမံဆောင်ရွက်ရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိတွင် ဘေးအန္တရာယ်ကျရောက်ရာ ဒေသများ၌ ပိတ်မိနေသည့် နယ်စပ်ဒေသနေပြည်သူများနှင့် ဘုရားဖူးဧည့်သည်များသည် ကုန်းလမ်းနှင့် လေကြောင်းဂိတ်များမှတစ်ဆင့် စနစ်တကျ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

"မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံ အသီးသီးရဲ့ တရုတ်နိုင်ငံဆိုင်ရာ သံရုံးတွေကို အဆက်အသွယ်မရရှိတော့တဲ့ နိုင်ငံခြားသားများနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သီးသန့် အကြောင်းကြားခဲ့ပြီး နည်းလမ်းမျိုးစုံနဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်" ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အလွန်အလေးထားကြောင်း၊ နီပေါနိုင်ငံဘက်နှင့်အတူ အဆက်အသွယ်မရရှိတော့သည့် တရုတ်နိုင်ငံသားများကို အစွမ်းကုန် ရှာဖွေကယ်ဆယ်လျက်ရှိကာ တရုတ်နိုင်ငံသား အများအပြားကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် အကူအညီလိုအပ်နေသည့် တရုတ်နိုင်ငံသားများအား အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------

(Chinese Version)

外交部:中方正筹备对尼泊尔第三批紧急援助物资

新华社北京9月2日电(记者冯歆然、万倩仪)中国对尼泊尔第二批援助物资于1日运抵交付。外交部发言人郭嘉昆2日在例行记者会上答问时表示,根据尼方需求,中方正在筹备第三批紧急援助物资,并将派出第二批DNA鉴定专家。

  “昨天下午,中国对尼泊尔第二批紧急援助物资抵达尼泊尔首都加德满都。5名DNA鉴定专家随机抵达,协助尼方开展工作。”郭嘉昆说,尼方对中方紧急追加援助、提供技术支持表示感谢。根据尼方需求,中方正在筹备第三批紧急援助物资,包括贝雷桥、太平柜、防疫物资、应急通信设备等,并将派出第二批DNA鉴定专家。

  郭嘉昆还介绍了中方在外籍失联人员信息通报方面所做工作。他表示,灾害发生后,中方同各相关国家驻华使馆持续密切沟通,共同做好失联人员摸排、善后处置等工作。目前,在灾区滞留的边民和香客正通过陆路和航空口岸有序离境。

  “昨天,外交部还专门向有关国家驻华使馆通报了涉失联外籍人员信息,将继续通过各种方式与相关使馆保持畅通联络。”郭嘉昆说。

他表示,中方高度重视在尼泊尔中国公民和机构安全,会同尼方全力搜救失联中国公民,并协助大批中国公民安全转移。中国驻尼使馆将继续全力以赴为有需要的中国公民提供协助。

1. 9月1日下午,中国向尼泊尔提供的第二批应对泥石流灾害紧急人道主义援助物资从深圳宝安国际机场启运。新华社记者 毛思倩 摄