တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah El-Sisi ၏ ဇနီး Entissar El-Sisi တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး၍ အသေးစားလက်မှုပစ္စည်းပြပွဲအား ကြည့်ရှုစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah El-Sisi ၏ ဇနီး Entissar El-Sisi တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဒေသစံတော်ချိန် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး၍ အသေးစားလက်မှုပစ္စည်းပြပွဲအား ကြည့်ရှုခဲ့သည်။

ဖုန်လိယွမ်နှင့် Entissar El-Sisi တို့သည် တရုတ်-အီဂျစ် ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူအချင်းချင်း သွားလာဆက်ဆံမှု စသည်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာအပြန်အလှန်ဖလှယ်ခဲ့ကြသည်။

ဖုန်လိယွမ်က အီဂျစ်နိုင်ငံသည် သမိုင်းကြောင်းကြာရှည်ပြီး ယဉ်ကျေးမှုအနှစ်သာရနက်ရှိုင်းကာ ပြသထားသည့် လက်ရာများမှာ အလွန်အနုစိတ်လှပရာ အီဂျစ်ပြည်သူများ၏ ထက်မြက်သောဉာဏ်ပညာနှင့် တစ်မူထူးခြားသော အလှအမြင်ကို အပြည့်အဝ ထင်ဟပ်စေကြောင်း၊ တရုတ်-အီဂျစ်နှစ်နိုင်ငံ၏ ယဉ်ကျေးမှုတွင် တူညီသောအချက်များစွာရှိကြောင်း၊ နှစ်နိုင်ငံ အနုပညာရှင်များအနေဖြင့် ပူးပေါင်းဖလှယ်မှုကို မြှင့်တင်ခြင်းဖြင့် အစဉ်အလာလက်မှုပညာကို လက်ဆင့်ကမ်းမှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုများကြားတွင် အရောင်အသွေးအသစ်များဖြင့် လင်းလက်တောက်ပစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah El-Sisi ၏ ဇနီး Entissar El-Sisi တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး၍ အသေးစားလက်မှုပစ္စည်းပြပွဲအား ကြည့်ရှုစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah El-Sisi ၏ ဇနီး Entissar El-Sisi တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး၍ အသေးစားလက်မှုပစ္စည်းပြပွဲအား ကြည့်ရှုစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

彭丽媛同埃及总统塞西夫人依缇萨尔茶叙并参观小型手工艺品展

新华社开罗9月2日电(记者温馨 姚兵)当地时间9月2日上午,国家主席习近平夫人彭丽媛在开罗同埃及总统塞西夫人依缇萨尔茶叙并参观小型手工艺品展。  

彭丽媛同依缇萨尔就中埃友好、人文交往等亲切交流。彭丽媛表示,埃及历史悠久、文化底蕴深厚,展品十分精美,充分体现了埃及人民的聪明才智和独特审美。中埃两国文化有很多共通之处,希望两国艺术家加强交流合作,让传统手工艺在传承和互鉴中不断焕发新的光彩。(完)

图说:当地时间9月2日上午,国家主席习近平夫人彭丽媛在开罗同埃及总统塞西夫人依缇萨尔茶叙并参观小型手工艺品展。 新华社记者 刘彬 摄