
ဆန်းကျန့် (ကွမ်တုန်း)၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
“အဏ္ဏဝါဖွံ့ဖြိုးတိုးတက်ရေး၏ အပြာရောင်အံ့ဖွယ်” တရုတ်-အင်ဒိုနီးရှား ချစ်ကြည်ရေး အကြောင်းအရာ နှီးနှောဖလှယ်ပွဲကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည်။
တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ Think Tank အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းများ စသည့် ကဏ္ဍအသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ကာ တရုတ်-အင်ဒိုနီးရှား အဏ္ဏဝါကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များကို အတူတကွဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြောကြားသူ ၁၀ ဦးကို အထူးဖိတ်ကြားထားပြီး အဏ္ဏဝါစူးစမ်းလေ့လာခြင်းနှင့် ဘေးအန္တရာယ် ကာကွယ်တားဆီးလျှော့ချရေး၊ အဏ္ဏဝါအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေး၊ ငါးလုပ်ငန်းနှင့် စက်မှုလုပ်ငန်း စံချိန်စံညွှန်းများ ချိတ်ဆက်မှု၊ အဏ္ဏဝါရေးရာ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ခေါင်းစဉ်များနှင့်ပတ်သက်၍ ကိုယ်တိုင်တွေ့ကြုံခဲ့ရသော အကြောင်းအရာများကို မျှဝေခဲ့ကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中国—印尼友好故事会在深圳举办 聚焦“海洋发展的蓝色奇迹”
新华社照片,深圳(广东),2026年9月2日
9月1日,“海洋发展的蓝色奇迹”中国—印尼友好故事会在广东深圳举办。中国和印尼两国有关机构、高校、智库、企业等领域嘉宾参会,共话中印尼海洋合作的丰硕成果。 本次活动特邀10位讲述者,围绕海洋调查与防灾减灾、海洋资源开发、海洋生态保护、渔业与产业标准对接、海洋教育与人才培养等主题,分享亲身经历的鲜活故事。
1.9月1日拍摄的“海洋发展的蓝色奇迹”中国—印尼友好故事会现场。新华社记者 毛思倩 摄








