
ကျီလုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက နီပေါနိုင်ငံဘက်ခြမ်း၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကျီလုန်နယ်စပ်ဂိတ်သို့ သွားရောက်သည့် လမ်းများ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သည်။ ရှီးဇန့်ဒေသ ကျီလုန်ခရိုင် ဆလဲ့ကျေးရွာစုသည် ယခုအကြိမ် ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားရာ ဇာစ်မြစ်နေရာနှင့် နီးကပ်စွာ တည်ရှိပြီး ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသဖြင့် လားပီရွာ၊ စဲ့ချုံရွာနှင့် ကောပါးရွာတို့မှ ပြည်သူများကို ဘေးကင်းရာ ဒေသများသို့ လျင်မြန်စွာ ရွှေ့ပြောင်းပေးခဲ့သည်။
သို့သော်လည်း ဒေသခံပြည်သူများသည် မိမိတို့၏ ကြက်၊ ဘဲ၊ ကျွဲ၊ နွား စသည့် မွေးမြူရေးတိရစ္ဆာန်များနှင့် စိုက်ပျိုးမြေများကို စိတ်မချနိုင်ဘဲ ဖြစ်နေကြသဖြင့် ဆလဲ့ကျေးရွာစုသည် ပါတီဝင် ရှေ့ဆောင်အဖွဲ့ ၃ ဖွဲ့ကို ဖွဲ့စည်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသော ကျေးရွာများသို့ အချိန်မှန် သွားရောက်ကာ ဒေသခံပြည်သူများ၏ မွေးမြူရေးတိရစ္ဆာန်များကို အစာကျွေးမွေးပေးခြင်း၊ ကျေးရွာအတွင်း ကင်းလှည့်ပေးခြင်းများ ဆောင်ရွက်လျက် ပြည်သူများ၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာ လုံခြုံရေးကို စောင့်ရှောက်ပေးလျက်ရှိသည်။ (Xinhua)
--------------
(Chinese Version)
西藏吉隆:巡逻在撤离村庄的党员先锋队
8月26日上午,因尼泊尔一侧发生泥石流灾害,造成我方一侧通往吉隆口岸的道路、通信、电力中断。西藏吉隆县萨勒乡离此次泥石流灾害源头距离较近,群众生命安全受到威胁,拉比村、色琼村、郭巴村的群众被迅速转移到安全区域。但是,群众放心不下家禽、牲畜和农田,为此,萨勒乡组织三支党员先锋队,每天定时前往撤离村庄,帮助群众喂养家禽家畜,巡逻村庄,守护群众财产安全。
1. 9月1日,吉隆县萨勒乡党员先锋队队员在查看群众的大棚。新华社记者 旦增尼玛曲珠 摄
2. 9月1日,吉隆县萨勒乡党员先锋队队员在拉比村群众家里喂养家禽。新华社记者 旦增尼玛曲珠 摄








