
ဟဲဖေ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့ ဖေတုန်းခရိုင် ရှီထန်မြို့နယ်၌ တည်ရှိသော ရှန်ဟိုင်း-နန်ကျင်း-ဟဲဖေ အမြန်ရထားလမ်းသစ် သံလမ်းခင်းသည့် လုပ်ငန်းခွင်တွင် ဆောက်လုပ်ရေးဝန်ထမ်းများက စက်တင်ဘာ ၁ ရက်တွင် ပထမဆုံး မီတာ ၅၀၀ ရှည်လျားသော သံလမ်းတစ်စုံကို ကွန်ကရစ် အခြေခံ ရထားလမ်းပေါ်သို့ ခင်းကျင်းခဲ့ရာ ရှန်ဟိုင်း-နန်ကျင်း-ဟဲဖေ အမြန်ရထားလမ်းသစ်တစ်လျှောက် သံလမ်းခင်းခြင်းလုပ်ငန်း စတင်သည့် အထိမ်းအမှတ်ဖြစ်ခဲ့သည်။
အသစ်တည်ဆောက်နေသည့် ရှန်ဟိုင်း-နန်ကျင်း-ဟဲဖေ အမြန်ရထားလမ်းသည် နိုင်ငံတော် ရေလတ်နှင့် ရေရှည်ကာလ ရထားလမ်းကွန်ရက်စီမံကိန်း " ဒေါင်လိုက်ရထားလမ်း ၈ လိုင်း၊ အလျားလိုက် ရထားလမ်း ၈ လိုင်း ကွန်ရက်" ၏ ယန်ဇီမြစ်တစ်လျှောက် ပို့ဆောင်ရေးလမ်းကြောင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ ယန်ဇီမြစ်မြောက်ဘက် မြစ်ကြောင်းတစ်လျှောက် မြို့များနှင့် နန်ကျင်းမြို့ပြဧရိယာ၊ ရှန်ဟိုင်းမြို့ပြဧရိယာတို့အကြား တိုက်ရိုက်မြန်ဆန်စွာ ချိတ်ဆက်ပေးနိုင်မည့် လမ်းကြောင်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)
-----------------------
(Chinese Version)
新建沪宁合高铁全线启动铺轨
9月1日,在位于安徽省合肥市肥东县石塘镇的新建沪宁合高铁铺轨施工现场,施工人员将首对500米长钢轨铺设在无砟轨道上,这标志着新建沪宁合高铁全线启动铺轨。
据悉,新建上海至南京至合肥高速铁路是国家中长期铁路网规划“八纵八横”中沿江通道的重要组成部分,是江北沿江城市与南京都市圈、上海都市圈快速直达的快捷通道。
1. 9月1日,中铁四局施工人员在新建沪宁合高铁铺轨施工现场作业。新华社记者 常能嘉 摄
2. 9月1日,中铁四局施工人员在新建沪宁合高铁铺轨施工现场的作业车辆上。新华社记者 常能嘉 摄








