တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုလမ်တို့ လက်ဖက်ရည်သောက်သုံး၍ စကားစမြည်ပြောဆိုသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုလမ်တို့ လက်ဖက်ရည်သောက်သုံး၍ စကားစမြည်ပြောဆိုသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ တိုလမ်ထံသို့ စက်တင်ဘာ ၂ ရက်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ၈၁ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာ၌ ရှီကျင့်ဖိန်က လက်ရှိတွင် ဗီယက်နမ် ပါတီနှင့် နိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ထွန်းကားလျက်ရှိပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဗီယက်နမ်နိုင်ငံသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်သို့ တက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ် ရဲဘော် တိုလမ် ဦးဆောင်သော ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခိုင်မာသော ခေါင်းဆောင်မှုအောက်တွင် ဗီယက်နမ်ပြည်သူများသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်က ချမှတ်ထားသော ရည်မှန်းချက်တာဝန်များကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ကာ ပါတီတည်ထောင်ခြင်း၊ နိုင်ငံတည်ထောင်ခြင်း၏ “ရာစုနှစ် ရည်မှန်းချက်ပန်းတိုင်နှစ်ခု” ကို အားမာန်အပြည့်ဖြင့် လှမ်းချီနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယခုနှစ် ဧပြီလတွင် အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုလမ်သည် တရုတ်နိုင်ငံသို့  နိုင်ငံတော်အဆင့်ခရီးစဉ် အောင်မြင်စွာ လာရောက်ခဲ့ကြောင်း၊ မိမိနှင့် အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုးလမ် တို့အကြား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ကြပြီး ပိုမိုအဆင့်မြင့်မားသော မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်တည်ဆောက်ရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်။

ကစဥ့်ကလျား ရှုပ်ထွေးပြောင်းလဲနေသော ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် ဆိုရှယ်လစ်နိုင်ငံ နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ဗီယက်နမ်တို့သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် လိုအပ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-ဗီယက်နမ် ပါတီနှစ်ရပ်နှင့် နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုလမ်နှင့်အတူ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုကို အားဖြည့်ပြီး အစဉ်အလာ ခင်မင်ရင်းနှီးမှုကို ဆက်ခံကာ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက်အသစ်ကို အတူတကွရေးဆွဲရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန်၊ လူသားမျိုးနွယ် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးလုပ်ငန်းအတွက် ပိုမိုကြီးမားသော အကျိုးကို ဆောင်ကြဉ်ပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就越南社会主义共和国成立81周年向越共中央总书记、国家主席苏林致贺电

新华社北京9月2日电 9月2日,中共中央总书记、国家主席习近平就越南社会主义共和国成立81周年向越共中央总书记、国家主席苏林致贺电。   

习近平指出,当前,越南党和国家建设事业蓬勃发展,越共十四大胜利召开,越南迈入民族发展新纪元。相信在以苏林总书记同志为首的越共中央坚强领导下,越南人民将顺利实现越共十四大制定的目标任务,朝着建党建国“两个一百年”奋斗目标砥砺奋进。   

习近平强调,今年4月,苏林总书记、国家主席成功对中国进行国事访问,我和苏林总书记、国家主席深入交流,一致同意加快构建更高水平具有战略意义的中越命运共同体。面对变乱交织的世界,中越两个社会主义国家更需要深化团结协作。我高度重视中越两党两国关系发展,愿同苏林总书记、国家主席加强战略沟通,赓续传统情谊,共同擘画中越全面战略合作新蓝图,为两国人民带来更多福祉,为人类和平与进步事业作出更大贡献。(完)

1. 2024年8月19日,中共中央总书记、国家主席习近平在北京人民大会堂同来华进行国事访问的越共中央总书记、国家主席苏林举行会谈。这是习近平同苏林进行小范围茶叙。新华社记者 谢环驰 摄