တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ထောက်ပံ့သော  ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအသုတ်မြောက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့  ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ထောက်ပံ့သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအသုတ်မြောက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စက်တင်ဘာ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ထောက်ပံ့သော  ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအသုတ်မြောက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့  ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် စတင်ပို့ဆောင်ခဲ့သည်။

အဆိုပါ အကူအညီပစ္စည်းများတွင် အဓိကအားဖြင့် ရေသန့်စင်ရေး၊ မီးထွန်းရေး၊ မျိုးရိုးဗီဇစစ်ဆေးရေးစသည့်ပစ္စည်းကိရိယာများနှင့် ဒရုန်းများ ပါဝင်ပြီး ဒေသစံတော်ချိန် စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူသို့ ရောက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။

မကြာသေးမီရက်က တရုတ်-နီပေါ နယ်စပ် ကျီလုန်- ရက်ဆွာ နယ်စပ်ဂိတ်တွင်ပြင်းထန်သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး လူအများအပြား ဒဏ်ရာရသေဆုံးမှု၊ ပျောက်ဆုံးမှု၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အရေးပေါ် ကယ်ဆယ်ရေးနှင့် မိမိကိုယ်တိုင် ကယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပထမဆုံးအချိန်တွင်ပင် နီပေါနိုင်ငံအား လက်ကမ်းကူညီခဲ့ပြီး နီပေါနိုင်ငံ၏ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်စီမံရေးလုပ်ငန်းများကို ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)

……………………………..

(Chinese Version)

中国对尼泊尔第二批援助物资启运

新华社深圳9月1日电(记者吴梦桐、王丰)9月1日下午,中国向尼泊尔提供的第二批应对泥石流灾害紧急人道主义援助物资从深圳宝安国际机场启运。  

据了解,该批物资主要包括净水、照明、基因检测等设备及无人机,计划于当地时间1日傍晚运抵尼泊尔首都加德满都。  

日前中国和尼泊尔边境吉隆-热索瓦口岸发生严重泥石流灾害,造成重大人员伤亡、失联和财产损失。中方在紧急开展抢险自救的同时,第一时间向尼方伸出援手,支持尼方应急救灾。(完)

图说:9月1日下午,中国向尼泊尔提供的第二批应对泥石流灾害紧急人道主义援助物资从深圳宝安国际机场启运。新华社记者 毛思倩 摄