
ကိုင်ရို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အခါသမယနှင့်အညီ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အီဂျစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးမည်ဖြစ်ပြီး ခေတ်သစ် တရုတ်-အီဂျစ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကိုလည်း တစ်ဆင့်တိုးမြှင့်တင်ပေးမည်ဖြစ်သည်။
တရုတ်-အီဂျစ် ဆက်ဆံရေး၏ ဆယ်စုနှစ် ခုနစ်ခုကြာ ခရီးစဉ်သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မည်မျှအထိ စွမ်းဆောင်နိုင်ကြောင်း ထင်ရှားစွာ သက်သေထူမှုလည်းဖြစ်ပေသည်။ လွန်ခဲ့သောနှစ်များအတွင်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းများ ပြောင်းလဲမှုရှိသော်ငြားလည်း နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာများတွင် အနီးကပ်ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်း၍ အပြန်အလှန် အကျိုးကျေးဇူးရှိသော ကိစ္စရပ်များအပေါ် ကိုယ်စီ အားပေးထောက်ခံခဲ့ကြကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ၎င်းတို့၏ ချစ်ကြည်မှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စံနမူနာကို ပြသလျက်ရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260901/b735da3157c84d1586f43eaf097ccc45/c.html
……………………………………..
(English Version)
Xinhua Commentary: Forging ahead toward China-Egypt community with shared future in new era
CAIRO, Sept. 1 (Xinhua) -- As China and Egypt mark the 70th anniversary of diplomatic ties, Chinese President Xi Jinping's state visit to Egypt is set to inject fresh impetus into bilateral relations and further advance the building of a China-Egypt community with a shared future in the new era.
The seven-decade journey of China-Egypt relations is a powerful testament to what solidarity and cooperation can achieve. Over the years, the two countries have steadily strengthened their ties despite shifts in the regional and global landscape, maintained close coordination on international affairs, supported each other on issues of mutual interest, and expanded practical cooperation, making their partnership a model of amity, solidarity and cooperation among developing countries.
https://english.news.cn/20260901/b735da3157c84d1586f43eaf097ccc45/c.html
Photo caption 1: This undated file photo shows a view of the China-Egypt TEDA Suez Economic and Trade Cooperation Zone in Ain Sokhna district of Suez province, Egypt. (TEDA Investment Holding Co., Ltd./Handout via Xinhua)








