တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကာဂျစ္စတန်နိုင်ငံ သမ္မတ၏ ဇနီး Aigul Japarova ကျင်းပသော ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်သော နိုင်ငံ့အကြီးအကဲ ဇနီးများ အဖွဲ့လိုက် လှုပ်ရှားမှုသို့ တက်ရောက်စဉ် ဖုန်လိယွမ်နှင့် သက်ဆိုင်ရာနိုင်ငံ အကြီးအကဲများ၏ ဇနီးများ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၏ ဇနီး Aigul Japarova ကျင်းပသော ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်သော နိုင်ငံ့အကြီးအကဲ ဇနီးများ အဖွဲ့လိုက် လှုပ်ရှားမှုသို့ တက်ရောက်ခဲ့သည်။

Ala-Archa နိုင်ငံတော် ဧည့်ဂေဟာသို့ ဖုန်လိယွမ် ရောက်ရှိလာချိန်တွင် Aigul Japarova က လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ဖုန်လိယွမ်နှင့် သက်ဆိုင်ရာနိုင်ငံများမှ အကြီးအကဲများ၏ ဇနီးများသည် ကာဂျစ်လူမျိုး တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းအား ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် Enesay ဧည့်ဂေဟာတွင် ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေတင်ဆက်မှုကို ရှုစားခဲ့ကြသည်။

ဖုန်လိယွမ်က ဖျော်ဖြေတင်ဆက်မှုသည် အလွန်ကောင်းမွန်သလို ဖျော်ဖြေတင်ဆက်သူများကလည်း အနုပညာ ထူးချွန်ကြောင်း၊ တရုတ်ပရိသတ်များကလည်း ကာဂျစ္စတန်၏ ကြွယ်ဝ၍ အမျိုးစုံလင်သော တိုင်းရင်းသားယဉ်ကျေးမှုများကို ခံစားနိုင်ရန်အတွက် ကာဂျစ္စတန်မှ အနုပညာရှင်များ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်ကာ ဖျော်ဖြေတင်ဆက် ဖလှယ်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကာဂျစ္စတန်နိုင်ငံ သမ္မတ၏ ဇနီး Aigul Japarova ကျင်းပသော ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်သော နိုင်ငံအကြီးအကဲ ဇနီးများ အဖွဲ့လိုက် လှုပ်ရှားမှုသို့ တက်ရောက်စဉ် ဖုန်လိယွမ်နှင့် သက်ဆိုင်ရာနိုင်ငံ အကြီးအကဲများ၏ ဇနီးများက ကာဂျစ်လူမျိုး တိုင်းရင်းသားယဉ်ကျေးမှု ပြခန်း ကြည့်ရှုနေစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

彭丽媛出席上海合作组织峰会配偶集体活动

新华社比什凯克9月1日电(记者董雪 侯鸣)当地时间9月1日上午,国家主席习近平夫人彭丽媛在比什凯克出席吉尔吉斯斯坦总统夫人扎帕罗娃举行的2026年上海合作组织峰会配偶集体活动。  

彭丽媛抵达阿拉尔恰国宾馆时,扎帕罗娃热情迎接。彭丽媛同有关国家领导人夫人观看吉尔吉斯斯坦民族文化展并合影留念,随后在叶尼塞宫观看文艺表演。彭丽媛表示,演出十分精彩,演员们艺术精湛,欢迎吉尔吉斯斯坦的艺术家们多到中国演出交流,让中国观众近距离感受吉尔吉斯斯坦丰富多彩的民族文化。(完)

图说1:当地时间9月1日上午,国家主席习近平夫人彭丽媛在比什凯克出席吉尔吉斯斯坦总统夫人扎帕罗娃举行的2026年上海合作组织峰会配偶集体活动。这是彭丽媛同有关国家领导人夫人合影留念。 新华社记者 丁林 摄

图说2:当地时间9月1日上午,国家主席习近平夫人彭丽媛在比什凯克出席吉尔吉斯斯坦总统夫人扎帕罗娃举行的2026年上海合作组织峰会配偶集体活动。这是彭丽媛同有关国家领导人夫人观看吉尔吉斯斯坦民族文化展。 新华社记者 丁林 摄