
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နှင့် အာဆီယံတို့၏ နှစ်ဖက် ကုန်သွယ်မှုပမာဏသည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထက် ကျော်လွန်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၀၅ ထရီလီယံအထိ ရောက်ရှိခဲ့ကာ ယခင်နှစ် အလားတူကာလထက် ၇.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဩဂုတ် ၁ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၁၇ နှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့ပြီး အာဆီယံသည်လည်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်လျက်ရှိသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နှင့် အာဆီယံတို့၏ ကုန်သွယ်မှုစုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၇၄၄.၄၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၄.၇ ရာခိုင်နှုန်း တိုးတက်ကာ ထိုကာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၂၁.၈ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည်။ (Xinhua)
.............................
(Chinese Version)
2025年中国与东盟双边贸易额首次突破万亿美元
新华社北京9月1日电(记者谢希瑶)记者从国新办1日举行的新闻发布会上获悉,2025年,中国与东盟双边贸易额首次突破万亿美元大关,达到1.05万亿美元,同比增长7.4%。中国连续17年保持东盟第一大贸易伙伴的地位,东盟连续6年成为中国第一大贸易伙伴。今年1至7月,中国与东盟贸易总额达到7444.1亿美元,同比增长24.7%,占同期中国外贸总额比重上升至21.8%。(完)
图说:2025年12月15日,中新多式联运示范项目重庆—东南亚班列在重庆鱼嘴站顺利发车(无人机照片)。新华社记者 唐奕 摄








