တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကတ် မီယာဇီယိုယက်ဗ်နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကတ် မီယာဇီယိုယက်ဗ်နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အနေဖြင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပလျက်ရှိစဉ် တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေး၏ ရွှေရောင်ဆယ်စုနှစ်သစ်တစ်ခုကို ဖွင့်လှစ်ကြိုဆိုရေးအတွက် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကတ် မီယာဇီယိုယက်ဗ်နှင့် သီးခြားတွေ့ဆုံစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးတက်ကောင်းမွန်ကာ အဆင့်မြင့်မားလျက်ရှိပြီး နယ်ပယ်အသီးသီးတွင် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများနှင့် တရုတ်-ဥဇဘက်ကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း ရှီက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု ခိုင်မာအောင်တည်ဆောက်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် အသင့်ရှိကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260831/2f065b8b41074e41a75d72c5fab371c3/c.html

...........................................

(English Version)

Xi says China ready to work with Uzbekistan to usher in new "golden decade" for bilateral relations

BISHKEK, Aug. 31 (Xinhua) -- Chinese President Xi Jinping said on Monday that China stands ready to work with Uzbekistan to usher in a new "golden decade" for bilateral relations, as the two sides celebrate the 10th anniversary of the China-Uzbekistan comprehensive strategic partnership.

Xi made the remarks in a meeting with Uzbek President Shavkat Mirziyoyev on the sidelines of the Shanghai Cooperation Organization (SCO) Summit 2026 in Bishkek, Kyrgyzstan.

Under the leadership of the two heads of state, bilateral relations have continued to improve and upgrade, with fruitful cooperation across various fields and notable progress in building a China-Uzbekistan community with a shared future, Xi said.

China stands ready to work with Uzbekistan to consolidate strategic mutual trust and deepen mutually beneficial cooperation, Xi added.

https://english.news.cn/20260831/2f065b8b41074e41a75d72c5fab371c3/c.html

Photo caption: Chinese President Xi Jinping meets with Uzbek President Shavkat Mirziyoyev on the sidelines of the Shanghai Cooperation Organization Summit 2026 in Bishkek, Kyrgyzstan, Aug. 31, 2026. (Xinhua/Li Xiang)