တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ အူခနား ခူရယ်လ်ဆုခ်နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ အူခနား ခူရယ်လ်ဆုခ်နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် တိုးတက်မှု နယ်ပယ်များကို ပိုမိုမြှင့်တင်ဖော်ထုတ်ရေး၊ ကိုယ်စီ ခေတ်မီအသွင်ပြောင်းရေး ခရီးလမ်းတစ်လျှောက်၌ လက်တွဲညီညီ ရှေ့ဆက်လျှောက်လှမ်းရေးအတွက် မွန်ဂိုလီးယားနိုင်ငံနှင့်အတူ ကြိုးပမ်းလုပ်ဆောင်ရန် အသင့်ရှိသည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ အူခနား ခူရယ်လ်ဆုခ်နှင့် သီးခြားတွေ့ဆုံစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် မွန်ဂိုလီးယားတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေသော နီးကပ်သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်ဟု ရှီက ပြောကြားခဲ့ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် ဖေးမကူညီမှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုတို့မှာ  နှစ်နိုင်ငံဆက်ဆံရေး၏ ပင်မရေသောက်မြစ်အဖြစ်လည်းကောင်း၊ ထူးခြားလေးနက်သော သွင်ပြင်လက္ခဏာ အဖြစ်လည်းကောင်း အစဉ်အမြဲရှိနေသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေးကို မိမိတို့၏ အိမ်နီးချင်း သံတမန်ဆက်ဆံရေးတွင် အရေးပါသော နေရာ၌ ဆက်လက်ထားရှိမည်ဖြစ်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုအားကောင်းသော အားမာန်တက်ကြွမှုများ ဖြည့်တင်းပေးကာ တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေးကို မြှင့်တင်ရန်အတွက် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု ခိုင်မာအောင်တည်ဆောက်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ပြည်သူချင်း ပေါင်းကူးဆက်သွယ်မှုကို မြှင့်တင်ရန် မွန်ဂိုလီးယားနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260901/ddf589bcadba44d3ae1a7611e1ac893d/c.html

........................................

(English Version)

China ready to advance hand in hand along path of modernization with Mongolia, says Xi

BISHKEK, Aug. 31 (Xinhua) -- Chinese President Xi Jinping said on Monday that China is ready to work with Mongolia to foster more areas of growth for mutually beneficial cooperation and advance hand in hand along the respective paths of modernization.

Xi made the remarks in a meeting with Mongolian President Ukhnaa Khurelsukh on the sidelines of the Shanghai Cooperation Organization Summit 2026 in Bishkek, Kyrgyzstan.

Noting that China and Mongolia are close neighbors connected by mountains and rivers, Xi said that peaceful coexistence, mutual support and solidarity as well as mutually beneficial cooperation have always been the mainstream and defining feature of bilateral relations.

China will continue to place China-Mongolia relations in an important position in its neighborhood diplomacy, and work together with Mongolia to consolidate strategic mutual trust, deepen mutually beneficial cooperation and promote people-to-people connectivity, so as to inject greater vitality into the comprehensive strategic partnership and promote the building of the China-Mongolia community with a shared future, Xi said.

https://english.news.cn/20260901/ddf589bcadba44d3ae1a7611e1ac893d/c.html

Photo caption: Chinese President Xi Jinping meets with Mongolian President Ukhnaa Khurelsukh on the sidelines of the Shanghai Cooperation Organization Summit 2026 in Bishkek, Kyrgyzstan, Aug. 31, 2026. (Xinhua/Yan Yan)