
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ နှစ်ဖက်သည် မိုးလေဝသ၊ ဇလဗေဒ၊ ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး စသည့်ကဏ္ဍများတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အမြဲထိန်းသိမ်းထားကြောင်း၊ တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ နယ်စပ် ကျီလုန်-ရက်ဆွာနယ်စပ်ဂိတ်တွင် ဆိုးရွားသော ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံသည် ရှာဖွေကယ်ဆယ်ရေး၊ သတင်းအချက်အလက် အတူမျှဝေရေး၊ နောက်ဆက်တွဲဘေးအန္တရာယ်ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရေး စသည်တို့နှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
“ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံနဲ့ နီပေါနိုင်ငံက ရှာဖွေကယ်ဆယ်ရေး၊ သတင်းအချက်အလက် အတူမျှဝေရေး၊ နောက်ဆက်တွဲဘေးအန္တရာယ် ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရေး စတာတွေနဲ့ စပ်လျဉ်းပြီး အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။ နီပေါနိုင်ငံဘက်ကို မိုးလေဝသ၊ ဇလဗေဒ အချက်အလက်များ အဆက်မပြတ်ပံ့ပိုးပေးတဲ့အပြင် ကျွမ်းကျင်မှုရှိသော တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ကာ သက်ဆိုင်ရာ ကြိုတင်သတိပေးချက် အချက်အလက်တွေလည်း ပံ့ပိုးပေးခဲ့ပါတယ်” ဟု ကောကျားခွန်းက သက်ဆိုင်ရာမေးခွန်းအား ဖြေကြားရာ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအား ဆက်လက် အင်တိုက်အားတိုက် ပံ့ပိုးပေးပြီး ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:中方同尼方就人员搜救等保持顺畅沟通
新华社北京8月31日电(记者冯歆然、万倩仪)外交部发言人郭嘉昆31日表示,中国和尼泊尔双方在气象、水利、防灾减灾等领域一直保持良好合作。中国和尼泊尔边境吉隆-热索瓦口岸严重泥石流灾害发生后,中方同尼方就人员搜救、信息共享、防止次生灾害等保持顺畅沟通。
“灾害发生后,中方同尼方就人员搜救、信息共享、防止次生灾害等保持顺畅沟通,持续向尼方提供气象、水文等资料,开展专业会商,提供相关预警信息。”郭嘉昆在就有关问题答问时说,中方将继续大力支持尼方救灾,加强防灾减灾等领域合作,维护两国人民共同利益。(完)








