တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ နိုင်ငံတကာ ချစ်ကြည်ရေး တရုတ်တိုင်းရင်းဆေး ဆေးရုံ၌ နိုင်ငံခြားသားတစ်ဦး တရုတ်တိုင်းရင်းဆေး သွေးကြောခုန်နှုန်း စမ်းသပ်စစ်ဆေးမှု ခံယူနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ နိုင်ငံတကာ ချစ်ကြည်ရေး တရုတ်တိုင်းရင်းဆေး ဆေးရုံ၌ နိုင်ငံခြားသားတစ်ဦး တရုတ်တိုင်းရင်းဆေး သွေးကြောခုန်နှုန်း စမ်းသပ်စစ်ဆေးမှု ခံယူနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း မူဝါဒများ၏ ကျေးဇူးကြောင့် နိုင်ငံခြားသား အမြောက်အမြားသည် ဆန်းရမြို့ တရုတ်တိုင်းရင်းဆေး ဆေးရုံနှင့် ယင်း၏ လက်အောက်ခံ ဆန်းရ နိုင်ငံတကာ ချစ်ကြည်ရေး တရုတ်တိုင်းရင်းဆေး ကျန်းမာရေးစောင့်ရှောက်မှုစခန်း (“တရုတ်တိုင်းရင်းဆေး ကျန်းမာရေးစောင့်ရှောက်မှုစခန်း”) သို့ တရုတ် တိုင်းရင်းဆေးပညာ နည်းပညာများကို လေ့လာရန်နှင့် တရုတ် တိုင်းရင်းဆေး ကုသမှုကို ကိုယ်တွေ့ စမ်းသပ်ခံယူရန် လာရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ပထမဆုံး အသုတ် အမျိုးသား တရုတ်တိုင်းရင်းဆေးပညာ ဝန်ဆောင်မှု ပို့ကုန်အခြေစိုက်နေရာတစ်ခုဖြစ်သည့် ဆန်းရမြို့ တရုတ်တိုင်းရင်းဆေးရုံနှင့် ယင်း၏ လက်အောက်ခံ တရုတ်တိုင်းရင်းဆေး ကျန်းမာရေးစောင့်ရှောက်မှုစခန်းတို့သည် နိုင်ငံတကာ ဆေးကုသရေးဌာနကို ဖွင့်လှစ်ထားပြီး အပ်စိုက်ကုသခြင်း၊ အကြောပြင်ကုထုံးဖြင့် ကုသခြင်းနှင့် အရိုးအဆစ် ပြုပြင်ကုသခြင်း စသည့် တရုတ် တိုင်းရင်းဆေး၏ ထူးခြားသည့် ကုသရေး နည်းလမ်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အပူပိုင်း ရာသီဥတုနှင့် တောင်ပိုင်း ဆေးဝါး၊ သယံဇာတများကို အခြေပြု၍ “ဆေးကုသခြင်း၊ ကျန်းမာရေးအပန်းဖြေခြင်း၊ ပညာသင်ယူခြင်း၊ သုတေသနပြုခြင်း” တို့ တစ်နေရာတည်းတွင် ဘက်စုံပါဝင်သော နိုင်ငံတကာ တရုတ်တိုင်းရင်းဆေး ကျန်းမာရေးနှင့် အပန်းဖြေစခန်းအဖြစ် ဖန်တီးတည်ဆောက်ခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်းရမြို့ တရုတ်တိုင်းရင်းဆေးရုံနှင့် ယင်း၏ လက်အောက်ခံ တရုတ်တိုင်းရင်းဆေး ကျန်းမာရေးစောင့်ရှောက်မှုစခန်းတို့သည် နိုင်ငံခြားဧည့်သည် အကြိမ်ရေ ၈,၀၀၀ ကျော်ကို လက်ခံခဲ့ပြီး ၂၀၂၆ ခုနှစ်မှစ၍ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ နိုင်ငံတကာ လေ့လာရေး မွမ်းမံသင်တန်းအများအပြားကို ကျင်းပခဲ့သည်။

“ပြည်တွင်းသို့ ဖိတ်ခေါ်ခြင်း” များအပြင် ဆန်းရမြို့ တရုတ်တိုင်းရင်းဆေးရုံနှင့် ယင်း၏ လက်အောက်ခံ တရုတ်တိုင်းရင်းဆေး ကျန်းမာရေးစောင့်ရှောက်မှုစခန်းတို့၏ တရုတ်တိုင်းရင်းဆေး ဝန်ဆောင်မှုများသည်လည်း “ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်” လျက်ရှိသည်။ ဆန်းရမြို့ တရုတ်တိုင်းရင်းဆေးရုံ လက်အောက်ခံဖြစ်သော “ဆရန် အမျိုးသားအဆင့် ထင်ရှားကျော်ကြားသော တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီးများ လုပ်ငန်းရုံး”ကို ကာဇက်စတန်၊ ပြင်သစ်၊ ကနေဒါ၊ ကာဘိုဗာဒီ  စသည့် နိုင်ငံများတွင် ဆိုင်းဘုတ်တင် ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူများအား တရုတ်တိုင်းရင်းဆေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ တရုတ်တိုင်းရင်းဆေးပညာသည် ဆန်းရမြို့နှင့် ကမ္ဘာကြီးကို ချိတ်ဆက်ပေးသည့် ထင်ရှားပေါ်လွင်သည့် ဂုဏ်ယူဖွယ် နာမည်ကတ်ဖြစ်လာလျက်ရှိသည်။ (Xinhua)

------------------

(Chinese Version)

中医连中外 三亚引客来

近年来,得益于海南自贸港政策,不少外籍人士来到三亚市中医院及其下属三亚国际友好中医疗养院(以下简称“中医疗养院”)学习中医药技术、体验中医诊治。

  作为中国首批国家中医药服务出口基地,三亚市中医院及下属中医疗养院开设国际诊疗部,开展针灸、推拿、正骨等中医特色诊疗;依托热带气候和南药资源,打造“医、养、学、研”一体化的国际中医康养目的地。2026年上半年,三亚市中医院及下属中医疗养院接待外宾超8000人次;2026年以来,已举办多期各类中医药国际研学培训班。

  在“引进来”的同时,三亚市中医院及下属中医疗养院的中医药服务也在“走出去”。隶属于三亚市中医院的萨仁全国名中医工作室已在哈萨克斯坦、法国、加拿大、佛得角等地挂牌,为当地群众提供中医药服务。中医药,正成为三亚联结世界的亮丽名片。

1. 8月26日,外籍人士在三亚国际友好中医疗养院体验温针灸治疗。新华社记者 蒲晓旭 摄

2. 8月26日,在三亚国际友好中医疗养院,外籍人士体验中医切诊。新华社记者 蒲晓旭 摄