မက်ဒရစ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
ရီးရဲလ်ဆိုစီဒက်အသင်းက အသက် ၂၀ အရွယ် ဘာစီလိုနာနောက်ခံလူ ဟက်တာဖို့တ်ကို ၂၀၃၁ ခုနှစ် ဇူလိုင်လ ကုန်အထိ သက်တမ်းရှိစာချုပ် ချုပ်ဆိုခေါ်ယူလိုက်ကြောင်းသိရသည်။
ယခုလအစောပိုင်းက အသက် ၂၀ နှစ် ပြည့်ခဲ့သည့် ဖို့တ်သည် ဘာစီလိုနာပထမအသင်းအတွက် ပွဲပေါင်း ၃၀ ကစားခဲ့ပြီးနောက် လွန်ခဲ့သည့်ရာသီက အယ်လ်ချီအသင်းထံ အငှားသွားရောက်ကစားခဲ့ရာမှ ယခုအခါတွင် ဆန်ဆီဘတ်စတီယန်မြို့သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
အယ်လ်ချီအသင်းတွင် ၁၇ ပွဲ ပါဝင်ကစားခဲ့သည့် ဖို့တ်သည် ပခုံးဒဏ်ရာ ပြင်းထန်စွာမရရှိမီက ဘယ်နောက်ခံလူ၊ ညာနောက်ခံလူအပြင် ဘေးတောင်ပံကွင်းလယ်ကစားသမားနေရာများ၌ပါ ၎င်း၏ဘက်စုံကစားနိုင်စွမ်း ပြသခဲ့သည်။
အပြောင်းအရွှေ့စာချုပ်တွင် ဘာစီလိုနာအသင်းအနေဖြင့် ဖို့တ်ကို ပြန်လည်ဝယ်ယူနိုင်ခွင့်နှင့် ၎င်း၏အနာဂတ်အပြောင်းအရွှေ့မှရရှိမည့် ပြောင်းရွှေ့ကြေး၏ရာခိုင်နှုန်းတစ်စိတ်တစ်ပိုင်းကို ရရှိမည့် အခွင့်အရေးများကို ဆက်လက်ထိန်းသိမ်းထားသည်။ ဖို့တ်သည် ချဲလ်ဆီးအသင်းထံမှ ဗဟိုနောက်ခံလူ Mamadou Sarr ကို အငှားဖြင့်ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် ရီးရဲလ်ဆိုစီဒက်အသင်း၏ ဒုတိယမြောက် ခေါ်ယူသည့်ကစားသမား ဖြစ်လာသည်။ (Xinhua)
…………….
(English Version)
Real Sociedad signs Barcelona defender Fort
MADRID, Aug. 30 (Xinhua) -- Real Sociedad has signed defender Hector Fort from FC Barcelona, with the 20-year-old agreeing a contract until the end of July 2031.
Fort, who celebrated his 20th birthday earlier in August, moves to San Sebastian after making 30 first-team appearances for Barcelona before spending last season on loan at Elche.
He made 17 appearances for Elche, showing his versatility by playing at both left-back and right-back, as well as in a wide midfield role, before suffering a serious shoulder injury.
The deal sees Barcelona retain a buy-back option and a percentage of any future sale. Fort becomes Real Sociedad's second signing of the summer after the arrival of central defender Mamadou Sarr on loan from Chelsea.








