တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စစ်ဟုန်ခရိုင် စွန်းယွမ်မြို့နယ် ဇန်းရှီကျေးရွာရှိ ရေပေါ်ပျိုးပင်စိုက်ပျိုးရေးစခန်း၌ တောင်သူများ ဟင်းသီးဟင်းရွက် ပျိုးပင်များအား ပြုစုပျိုးထောင်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စစ်ဟုန်ခရိုင် စွန်းယွမ်မြို့နယ် ဇန်းရှီကျေးရွာရှိ ရေပေါ်ပျိုးပင်စိုက်ပျိုးရေးစခန်း၌ တောင်သူများ ဟင်းသီးဟင်းရွက် ပျိုးပင်များအား ပြုစုပျိုးထောင်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စစ်ဟုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဟုန်ကျယ်ရေကန် ကန်ဘေးတွင် တည်ရှိသော ကျန်းဆူးပြည်နယ် စုချန်းမြို့ စစ်ဟုန်ခရိုင်သည် မြေဩဇာကောင်းမွန်ပြီး နှစ်စဉ် ဟင်းသီးဟင်းရွက် တရုတ်မူ (Mu) ၂ သိန်းကျော် စိုက်ပျိုးလျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း အဆိုပါခရိုင်သည် ရေအရင်းအမြစ် အားသာချက်ကို အသုံးပြု၍ ပလတ်စတစ်မိုးကာ စိုက်ပျိုးဖျင်များအတွင်း ရေပေါ် ဟင်းသီးဟင်းရွက် ပျိုးပင် စိုက်ပျိုးမှုကို လုပ်ဆောင်ခဲ့သည်။ သမားရိုးကျပျိုးထောင်သည့် နည်းလမ်းနှင့် နှိုင်းယှဉ်လျှင် မြေနေရာ သက်သာခြင်း၊ ပိုးမွှားနှင့် ရောဂါ အန္တရာယ် နည်းပါးခြင်း၊ ပျိုးထောင်ချိန် ကာလ တိုတောင်းခြင်း၊ အပင်ရှင်သန်မှုနှုန်း မြင့်မားခြင်းစသည့် အားသာချက်များရှိပြီး ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုကို မူလ "တစ်ရာသီ သီးနှံတစ်မျိုးစနစ်" မှ "တစ်ရာသီ အသုတ်လိုက် သီးနှံမျိုးစုံ ထပ်မံစိုက်ပျိုးသည့်စနစ်" သို့ ပြောင်းလဲစေကာ စားသုံးသူများ၏ "ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်" လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးရုံမျှမက တောင်သူများ၏ ဝင်ငွေကိုလည်း ထိထိရောက်ရောက် တိုးပွားလာစေခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

江苏泗洪:水上育苗助增收

地处洪泽湖畔的江苏省宿迁市泗洪县土地肥沃,每年种植蔬菜20多万亩。近年来,该县利用水资源优势在塑料大棚中进行水上蔬菜秧苗培育,相比传统育苗,具有节约土地、病虫害少、育苗周期短、成活率高等优势,使蔬菜生产由原来的“一季一菜”变为“一季多茬”,保障供应消费者“菜篮子”需求的同时,还有效增加了农民收入。

1.     8月30日,在泗洪县孙园镇臧石村水上育苗基地,农民在管理蔬菜秧苗。新华社发(许昌亮摄)

2.     8月30日,在泗洪县孙园镇臧石村水上育苗基地,农民向育苗盘的营养钵内播种蔬菜种子。新华社发(许昌亮摄)