နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော Y-20 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ် ဆိုက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော Y-20 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ် ဆိုက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နီပေါနိုင်ငံအား ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် တုံ့ပြန်ရေးအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်ဘက်မှ ကူညီရေး ထောက်ပံ့ပစ္စည်းများ ခတ္တမန္ဒူမြို့သို့ ရောက်ရှိပြီးဖြစ်သလို ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များလည်း နီပေါဘေးဒဏ်သင့်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထောက်က ဩဂုတ် ၃၀ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ထံမှ သိရှိရသည်။

CIDCA ပြောရေးဆိုခွင့်ရှိသူ ထန်းရင်းက တရုတ်နှင့် နီပေါနိုင်ငံတို့သည် တောင်တန်းရေမြေ ဆက်စပ်လျက်ရှိပြီး ကံကြမ္မာအကျိုးပေးတူညီကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက နီပေါနိုင်ငံ နယ်စပ်ဒေသတွင် ရုတ်တရက် ရေခဲမြစ်ပြိုကျမှုကြောင့် ပြင်းထန်သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံလုံးတွင် လူအများအပြား သေဆုံးဒဏ်ရာရရှိကာ ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း၊ တရုတ်နိုင်ငံဘက်သည် အရေးပေါ် ကယ်ဆယ်ရေးနှင့် မိမိကိုယ်ကို ကယ်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်တွင် နီပေါနိုင်ငံအတွက် အရေးပေါ် ငွေသားအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် ဘက်စုံ အကူအညီများကိုပါ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆိုခဲ့သည်။  

ထန်းရင်းက လက်ရှိတွင် တရုတ်ဘက်မှ ကူညီရေး ထောက်ပံ့ပစ္စည်းများ ခတ္တမန္ဒူမြို့သို့ ရောက်ရှိပြီးဖြစ်ကာ ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များလည်း နီပေါဘေးဒဏ်သင့်ဒေသသို့ ရောက်ရှိနေပြီဖြစ်ပြီး ဘေးဒဏ်သင့်ဒေသ၏ ပုံရိပ်များ၊ ဂြိုဟ်တုနှင့် ဇလဗေဒဆိုင်ရာ အချက်အလက်များစသည့် အရေးကြီးသော သတင်းအချက်အလက်များကိုလည်း တစ်ပြေးညီ မျှဝေပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ တရုတ်နှင့် နီပေါနှစ်နိုင်ငံသည် ခိုင်မာစွာ အတူတကွ ရပ်တည်ကာ အတူလက်တွဲ ရင်ဆိုင်ပြီး အခက်အခဲများကို အတူတကွ ကျော်လွှားသွားမည်ဖြစ်ရာ ဟိမဝန္တာတောင်တန်း ဖြတ်ကျော်သည့် အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ပြသသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူရန် ပြင်ဆင်နေသော ဝန်ထမ်းများအား  ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူရန် ပြင်ဆင်နေသော ဝန်ထမ်းများအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.......................................

(Chinese Version)

中方向尼泊尔提供应对泥石流灾害紧急人道主义援助

新华社北京8月30日电(记者孙楠)记者30日从国家国际发展合作署了解到,中方向尼泊尔提供应对泥石流灾害紧急人道主义援助。目前,中方援助物资已运抵加德满都,隧道救援专家已抵达尼灾区。

国家国际发展合作署新闻发言人汤瑛表示,中国和尼泊尔山水相连、命运与共。近日,尼泊尔边境地区突发冰川崩塌引发严重泥石流灾害,造成两国重大人员伤亡和财产损失。中方在紧急开展抢险自救的同时,积极实施对尼一揽子援助,包括紧急现汇援助和人道主义援助。

汤瑛说,目前,中方援助物资已运抵加德满都,隧道救援专家已抵达尼灾区,并同步分享灾区影像、卫星和水文数据等重要信息。中尼两国将坚定站在一起,携手应对,共克时艰,以实际行动诠释跨越喜马拉雅的传统友谊。(完)

图说1:8月30日,载有中国救援物资的运-20大型运输机飞抵尼泊尔加德满都国际机场。新华社记者 张平 摄

图说2:8月30日,在尼泊尔加德满都国际机场,工作人员准备搬运中国救援物资。名中国救援专家随机抵达。