တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့နှင့်အတူ ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်နှင့် ၎င်း၏ဇနီး အိုင်ဂူလ် ဂျပါရော့ဗ်တို့ ဒေသခံ ဆယ်ကျော်သက်များက တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို အတူတကွ ကြည့်ရှုအားပေးနေပုံအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့နှင့်အတူ ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်နှင့် ၎င်း၏ဇနီး အိုင်ဂူလ် ဂျပါရော့ဗ်တို့ ဒေသခံ ဆယ်ကျော်သက်များက တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို အတူတကွ ကြည့်ရှုအားပေးနေပုံအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက်လည်းကောင်း ဩဂုတ် ၃၀ ရက်က ဘစ်ရှ်ကက်မြို့သို့ ရောက်ရှိလာခဲ့သည်။

တရုတ်-ကာဂျစ္စတန် ပူးပေါင်းဆောင်ရွက်မှုက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် "ရွှေရောင်ခေတ်ကာလတစ်ခု" ကို ဖွင့်လှစ်ပေးခဲ့သည်ဟု ရှီက ၎င်းရောက်ရှိလာချိန်မှာပင် စာဖြင့်ရေးသားထားသော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် တည်တံ့သော ချစ်ကြည်ရင်းနှီးမှု

တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့မှာ ခေတ်အဆက်ဆက် တည်တံ့ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို မျှဝေပိုင်ဆိုင်ခဲ့သည်ဟု ရှီက မှတ်ချက်ပြုလျက် ကြီးကျယ်ခမ်းနားသော ထျန်းဆန်းတောင်တန်းများက နှစ်နိုင်ငံပြည်သူများအကြား ထောင်စုနှစ်များစွာတိုင်အောင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများ၏ သက်သေသာဓကအဖြစ် တည်ရှိနေသည်ဟု ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ ၃၄ နှစ်တာကာလအတွင်း တရုတ်-ကာဂျစ္စတန် ဆက်ဆံရေးမှာ ပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်း၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ကာ ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်တစိုက် ထိန်းထားနိုင်ခဲ့ပြိး အဆင့်မြင့်မားသော ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု ရှီက ပြောသည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသာမက ပြည်သူချင်း ကူးလူးဆက်ဆံမှုများသည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု ရှီက ပြောကြားခဲ့ကာ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း အပါအဝင် အထင်ကရ စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ရာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၏ မြင်သာထင်သာရှိသော ရလဒ်များက နှစ်နိုင်ငံပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

ယခုခရီးစဉ်အတွင်း တရုတ်-ကာဂျစ္စတန် ဆက်ဆံရေး၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံဂရုပြုသော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကာဂျစ္စတန် သမ္မတ ဆာဒီယာ ဂျပါရော့ဗ်နှင့် အလေးအနက် အမြင်ချင်းဖလှယ် ဆွေးနွေးကာ တရုတ်-ကာဂျစ္စတန် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေးအတွက် အနာဂတ်စီမံချက်သစ် ရေးဆွဲချမှတ်သွားမည်ဟု ရှီက ဆိုသည်။

“မိမိအနေနဲ့ SCO ဘစ်ရှ်ကက် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စောင့်မျှော်နေသလို SCO ရဲ့ ၂၅ နှစ်တာ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို အတူတကွဆွေးနွေးဖို့၊ SCO ရဲ့ အနာဂတ်ကို ဖန်တီးတည်ဆောက်ဖို့၊ SCO ရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အသစ်တွေကို မြှင့်တင်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ကိုလည်း စောင့်မျှော်နေပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု

ရှီသည် ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်မတိုင်မီနှင့် SCO ထိပ်သီးအစည်းအဝေး မတိုင်မီ ဩဂုတ် ၂၈ ရက်က ကာဂျစ္စတန် မီဒီယာများဖြစ်သည့် "Slovo Kyrgyzstana" သတင်းစာနှင့် "Kabar" အမျိုးသားသတင်းဌာနတို့၌ "တရုတ်-ကာဂျစ္စတန် ဆက်ဆံရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာသစ်များ အတူတကွဖွင့်လှစ်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် လက်မှတ်ရေးထိုးထားသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260831/b47a215c746d4aa192718ef8fe7e1329/c.html

...............................................................................

(English Version)

Xinhua Headlines: Xi kicks off state visit to Kyrgyzstan, hailing "golden period" of cooperation

BISHKEK, Aug. 30 (Xinhua) -- Chinese President Xi Jinping landed in Bishkek on Sunday for a state visit to Kyrgyzstan and the Shanghai Cooperation Organization (SCO) Summit 2026.

The China-Kyrgyzstan cooperation has ushered in a "golden period" of rapid development, Xi said in a written speech delivered upon his arrival.

TIME-HONORED FRIENDSHIP

Noting that China and Kyrgyzstan share a time-honored traditional friendship, Xi said that the majestic Tianshan Mountains stand as witnesses to the millennia of friendly exchanges between their peoples.

Over the 34 years since the establishment of diplomatic relations, the China-Kyrgyzstan relationship has withstood the test of a changing international landscape, maintained sound and stable development throughout, and reached the high level of a comprehensive strategic partnership for a new era, Xi said.

In recent years, bilateral trade volume and people-to-people exchanges have reached new highs, Xi said, noting that major projects including the China-Kyrgyzstan-Uzbekistan railway have been successfully implemented, and the tangible results of mutually beneficial cooperation have broadly benefited the two peoples.

Xi said that during the visit he will have in-depth exchanges of views with Kyrgyz President Sadyr Japarov on China-Kyrgyzstan relations, cooperation in various fields between the two countries, and international and regional issues of common concern, and draw a new blueprint for building a China-Kyrgyzstan community with a shared future.

"I look forward to attending the SCO Bishkek Summit, working with all parties to revisit the 25-year development experience of the SCO, jointly discuss cooperation plans, create the future of the organization, and promote the continuous new development of the SCO," Xi said.

HIGH-QUALITY DEVELOPMENT OF TIES

Ahead of his state visit to Kyrgyzstan and attendance at the SCO summit, Xi on Friday published a signed article titled "Jointly Opening up New Prospects for the High-Quality Development of China-Kyrgyzstan Relations" in the Slovo Kyrgyzstana and the Kabar National News Agency.

https://english.news.cn/20260831/b47a215c746d4aa192718ef8fe7e1329/c.html

Photo caption 1: Chinese President Xi Jinping arrives in Bishkek for the Shanghai Cooperation Organization (SCO) Summit 2026 and a state visit to Kyrgyzstan upon the invitation of President Sadyr Japarov of Kyrgyzstan, Aug. 30, 2026. (Xinhua/Xie Huanchi)

Photo caption 2: Chinese President Xi Jinping and his wife Peng Liyuan, together with Kyrgyz President Sadyr Japarov and his wife Aigul Japarova, jointly appreciate Chinese songs singing by local teenagers in Bishkek, Kyrgyzstan, Aug. 30, 2026. (Xinhua/Yan Yan)