တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော မလေးရှားနိုင်ငံ ထိပ်တန်းအကြီးအကဲ စူလ်တန် အီဘရာဟင်တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော မလေးရှားနိုင်ငံ ထိပ်တန်းအကြီးအကဲ စူလ်တန် အီဘရာဟင်တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ လွတ်လပ်ရေး ၆၉ နှစ်မြောက် နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ထိပ်တန်းအကြီးအကဲ စူလ်တန် အီဘရာဟင်ထံသို့ ဩဂုတ် ၃၁ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွတ်လပ်ရေးရရှိပြီး ၆၉ နှစ်အတွင်း မလေးရှားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် သိသိသာသာ တိုးတက်မှုများ ရရှိခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် နေ့စဉ်နှင့်အမျှ ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်နှင့် မလေးရှားနိုင်ငံတို့အကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် နှစ်ထောင်ချီ ရေရှည်တည်တံ့ခဲ့ပြီး နှစ်ဖက်စလုံးက အပြန်အလှန် လေးစားမှု၊ စိတ်ရင်းစေတနာဖြင့် ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုတို့ကို လိုက်နာကျင့်သုံးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးသည် ဒေသတွင်းနိုင်ငံများ၏ ရှေ့တန်းမှ အစဉ်တစိုက် လျှောက်လှမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

မိမိအနေဖြင့် တရုတ်-မလေးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးထားရာ မလေးရှားနိုင်ငံ ထိပ်တန်းအကြီးအကဲ စူလ်တန် အီဘရာဟင်နှင့်အတူ ကြိုးပမ်းကာ တရုတ်-မလေးရှား အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အဆင့်မြင့်မားသော မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ရလဒ်များ ပိုမိုရရှိစေရေး ဦးဆောင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးအတွက် ပိုမိုကြီးမားသော အကျိုးကို ဆောင်ကြဉ်းရန် ဆန္ဒရှိကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就马来西亚独立69周年向马来西亚最高元首易卜拉欣致贺电

新华社北京8月31日电 8月31日,国家主席习近平致电马来西亚最高元首易卜拉欣,祝贺马来西亚独立69周年。   

习近平指出,独立69年来,马来西亚经济社会取得长足发展,在地区和国际事务中发挥日益重要作用。中国和马来西亚传统友谊绵延千年,双方相互尊重、以诚相待、合作共赢,两国关系一直走在地区国家前列。我高度重视中马关系发展,愿同易卜拉欣最高元首一道努力,弘扬中马传统友谊,深化两国全面战略合作,引领高水平战略性中马命运共同体建设取得更多成果,为地区和世界和平稳定和发展繁荣作出更大贡献。(完)

1.  2024年9月20日下午,国家主席习近平在北京人民大会堂同来华进行国事访问的马来西亚最高元首易卜拉欣举行会谈。新华社记者 黄敬文 摄