
မကာအို ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မကာအိုဖောင်ဒေးရှင်းမှတစ်ဆင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဒေသတွင်း ကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ကူညီပံ့ပိုးရန်အတွက် ယွမ် သန်း ၃၀ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ သတင်းပြန်ကြားရေးဌာန၏ ဩဂုတ် ၂၉ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေး က လွန်ခဲ့သောရက်ပိုင်း၌ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအတွင်းရေးမှူး ဝမ်ကျွင်းကျိန့်ထံသို့ စာနာနှစ်သိမ့်ကြောင်း ဖော်ပြခဲ့ပြီး ဘေးအန္တရာယ်ကြောင့် သေဆုံးသူများအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဘေးဒဏ်သင့် ပြည်သူများထံ အထူးပင် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ ဒေသတွင်း ကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ကူညီပံ့ပိုးရန် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ယွမ်သန်း ၃၀ ခွဲဝေပေး၍ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဌာန၏ ဖော်ပြချက်အရ သိရသည်။
ဒုက္ခကြုံသည့်အခါ အတူတကွ ရင်ဆိုင်ကျော်လွှားခြင်း၊ သွေးသည် ရေထက် ပျစ်သည်ဟူသော စိတ်ဓာတ်တို့ဖြင့် နေရာတစ်နေရာတွင် ဒုက္ခကြုံပါက အရပ်ရှစ်မျက်နှာမှ ဝိုင်းဝန်းကူညီကြမည်ဖြစ်ကာ ဤလှူဒါန်းမှုများအပြင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသ၌ လိုအပ်သော ဆေးဝါးကုသရေး ကယ်ဆယ်ရေးစသည့် အကူအညီများကို အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တက်ကြွစွာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ထို့ပြင် မကာအို နယ်ပယ်အသီးသီးအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်၊ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်အား နည်းလမ်းမျိုးစုံဖြင့် ကူညီပေးကြရန်၊ ဘေးဒဏ်သင့်ဒေသ၏ နောက်ဆက်တွဲ စီစဉ်ဆောင်ရွက်မှုများကို ကူညီပေးပြီး ဘေးဒဏ်သင့် ပြည်သူများ ပုံမှန်လူနေမှုဘဝသို့ စောစီးစွာ ပြန်လည်ရောက်ရှိရေး ကူညီပံ့ပိုးပေးကြရန် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။ (Xinhua)
------------------------------------------
(Chinese Version)
澳门特区政府向西藏自治区捐助3000万元人民币支持救援及善后工作
新华社澳门8月29日电(记者齐菲、宋晨)记者29日从澳门特区政府新闻局获悉,特区政府决定通过澳门基金会向西藏自治区捐助3000万元人民币,支持当地救援及善后工作。
新闻局表示,特区行政长官岑浩辉日前已向西藏自治区党委书记王君正表达慰问,沉痛哀悼遇难者,并对遇难者家属及受灾民众致以深切慰问。为支持当地救援及善后工作,特区政府决定拨款3000万元人民币作出捐助。
新闻局表示,同舟共济,血浓于水,一方有难,八方支援。除捐助外,特区政府将尽力提供医疗救援等灾区所需各项支援,积极支持相关善后工作。特区政府呼吁澳门各界积极行动,通过各种方式援助西藏吉隆,协助灾区的善后安排,支援受灾民众尽早恢复正常生活。
1. Sam Hou Fai, chief executive of the Macao Special Administrative Region (SAR), delivers his policy address at the Legislative Assembly in Macao, south China, Nov. 18, 2025. (Xinhua)








