ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း အား ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်က သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း အား ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်က သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံဘက်ခြမ်းတွင် ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းကြောင့် ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်နယ်စပ်ဂိတ်တွင် လူအမြောက်အမြား သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် ပျောက်ဆုံးခြင်းတို့ ဖြစ်ပွားခဲ့ရသဖြင့် အလွန်ဝမ်းနည်းရပါကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေမှ အရေးပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ်အဖြစ် အသုံးပြုရန် ဟောင်ကောင်ဒေါ်လာ သန်း ၅၀ လျာထားပြီး ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေအကြံပေးကော်မတီက ရန်ပုံငွေခွဲဝေချထားပေးရေး လျှောက်ထားမှုကို လျင်မြန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပြီး ထိခိုက်ခံစားရသူများနှင့် ဒဏ်ရာရရှိသူများနှင့် ကွယ်လွန်သူများ၏ ကျန်ရစ်သူမိသားစုများထံ အလေးအနက် စာနာဝမ်းနည်းကြောင်း လီကျားချောင်းက လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သည်။ ရှေ့တန်းမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများအားလုံး နောက်ဆက်တွဲဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့် စွန့်စားရမှုများကို မမှုဘဲ သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်အတွက် အမှန်တကယ် ကျေးဇူးတင်ရှိပါကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနှင့် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ပါစေကြောင်း၊ ထိခိုက်ခံစားရသည့် ပြည်သူများ လိုအပ်သော ကူညီထောက်ပံ့မှုများကို အချိန်မီ ရရှိကြပြီး အခက်အခဲများကို အမြန်ဆုံး ကျော်လွှားနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဖော်ပြထားသည်။ (Xinhua)

------------------------------------------

(Chinese Version)

李家超:沉痛哀悼西藏泥石流灾害遇难者 预留5000万港元作为紧急赈灾项目

 新华社香港8月29日电 香港特区行政长官李家超29日表示,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联,令人无比难过。特区政府已从赈灾基金预留5000万港元,作为紧急赈灾项目之用。赈灾基金咨询委员会将迅速处理拨款申请。

  李家超在社交媒体发文,对遇难者表示沉痛哀悼,对受灾者和遇难者家属致以深切慰问。他衷心感谢所有前线救援人员,不畏次生灾害等风险,奋不顾身投入抢险救援工作。愿救灾行动顺利、平安,受灾群众获得及时支援,早日渡过难关。

1. 2022 年4月6日,香港特区政府政务司司长李家超出席新闻发布会。新华社记者 吕小炜 摄