ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားရာနေရာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားရာနေရာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးဇန့် ကျီလုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျီလုန်ခရိုင် ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုအခါ စုံစမ်းစစ်ဆေး သိရှိရပြီဖြစ်ကြောင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံးက ဩဂုတ် ၃၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ ချိန်တူး တောင်တန်းဒေသ ဘေးအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်စတီကျု၏ ရေခဲလွှာ အရေးပေါ်ဘေးအန္တရာယ် လျှော့ချရေးအဖွဲ့က အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်လေ့လာရေး အချက်အလက်များနှင့် အခင်းဖြစ်နေရာမှ ပေးပို့သော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ မြေပြင်ကွင်းဆင်း စေ့စပ်ဆွေးနွေးမှုများနှင့် ပေါင်းစပ်ကာ အောက်ပါအတိုင်း သုံးသပ်ထားသည်။ ပေကျင်းစံတော်ချိန် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခန့်တွင် နီပေါနိုင်ငံပိုင်နက်အတွင်းရှိ Langtang Lirung တောင်ထိပ်၏ တောင်ဘက်တောင်စောင်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ ခန့်အမြင့်ရှိ ရေခဲမြစ်တစ်ခု ပြိုကျကာ ရေခဲနှင့် ကျောက်တုံးများ ပြိုကျခဲ့သည်။ ယင်းတို့သည် အမြင့်မှ အရှိန်ပြင်းစွာ ပြုတ်ကျလာပြီး အမြင့် မီတာ ၄,၀၀၀ ခန့်ရှိ တောင်စောင်းများကို တိုက်စားကာ အလွန်ကြီးမားသော ရွှံ့နွံပြိုကျမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ရွှံ့နွံပြိုကျမှုသည် ၂၂ ကီလိုမီတာခန့် အကွာအဝေးအထိ အရှိန်ပြင်းစွာ စီးဆင်းသွားပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၈၀၀ ခန့်အမြင့်ရှိ တရုတ်နိုင်ငံ ကျီလုန်နယ်စပ်ဂိတ်သို့ တိုက်ရိုက် ရောက်ရှိခဲ့ရာ အဆိုပါဧရိယာ၏ ၀.၇ စတုရန်းကီလိုမီတာခန့်၊ အဆောက်အအုံ ၂၇ လုံးနှင့် ၎င်း၏ ဆက်စပ်အဆောက်အအုံများ လုံးဝ ပျက်စီးသွားခဲ့ရသည်။ (Xinhua)

------------------------------------------

(Chinese Version)

吉隆泥石流灾害系因尼泊尔一条冰川断裂发生冰岩崩

新华社西藏吉隆8月30日电 记者30日从西藏自治区人民政府新闻办公室召开的新闻发布会获悉,西藏吉隆泥石流灾害原因现已查明,中国科学院成都山地所冰冻圈应急减灾团队通过分析遥感监测数据和现场回传资料,结合实地踏勘走访综合认为:北京时间8月26日10时许,尼泊尔境内蓝塘里壤峰南坡一条冰川在海拔约5200米处断裂发生冰岩崩,高位快速坠落至4000米左右,冲刷山体形成巨型泥石流,高速冲击约22公里后直达海拔1800米左右的我吉隆口岸,导致该区域约0.7平方公里、27处建筑及相应附属设施被夷为平地。