တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျီလုန်ခရိုင်ရှိ ရွှံ့နွံပြိုကျမှုဖြစ်ပွားရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျီလုန်ခရိုင်ရှိ ရွှံ့နွံပြိုကျမှုဖြစ်ပွားရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကျီလုန်၊ ရှီးဇန့်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-နီပေါနယ်စပ်ရှိ ကျီလုန်နယ်စပ်ဂိတ်တွင် ဩဂုတ် ၂၆ ရက်က ရွှံ့နွံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၂၆၁ ဦး ပျောက်ဆုံးနေခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ် ၃၀ ရက်၌ ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါပျောက်ဆုံးနေသည့် နိုင်ငံခြားသားဦးရေပမာဏကို ဒေသဆိုင်ရာအစိုးရသတင်းပြန်ကြားရေးရုံးက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ပြည်သူ့လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်များ၏ ပူးပေါင်းရှာဖွေမှုနှင့် သတင်းအချက်အလက်များကို အပြန်အလှန်စိစစ်အတည်ပြုပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

------------------------------

(English version)

261 foreign nationals unaccounted for after mudslide hits border port in China's Xizang

GYIRONG, Xizang, Aug. 30 (Xinhua)

A total of 261 foreign nationals from 23 countries have been identified as unaccounted for after a mudslide struck Gyirong Port on the China-Nepal border in southwest China's Xizang Autonomous Region on Aug. 26, local authorities said Sunday.

The figure was announced at a press conference held by the information office of the regional government, following a joint search and cross-checking of information by foreign affairs, public security, culture and tourism, and emergency management authorities. ■

Photo caption: This screenshot from a video clip taken on Aug. 29, 2026 shows search and rescue operations underway at the mudslide-hit area in Gyirong County, southwest China's Xizang Autonomous Region. (Xinhua)