
ရှီးနင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
“တွေ့ဆုံခြင်းနှင့် လေ့လာခြင်း - လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မြစ်ဖျားဒေသ ဆွေးနွေးပွဲ” ကို တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရှီးနင်မြို့တွင် ဩဂုတ် ၂၈ ရက် ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံခြောက်နိုင်ငံမှ ကိုယ်စားလှယ်များသည် မြစ်သုံးစင်း မြစ်ဖျားခံရာတွင် စုဝေးခဲ့ကြပြီး ယဉ်ကျေးမှု အပြန်အလှန် လေ့လာခြင်း၊ ပြည်သူများအကြား စိတ်နှလုံး ချိတ်ဆက်မှု မြှင့်တင်ခြင်းနှင့် ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူပြုရန် ဆောင်ရွက်ခဲ့ကြသည်။
ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပထမအကြိမ် ခေါင်းဆောင်များ အစည်းအဝေးကျင်းပခြင်း၏ ၁၀ နှစ်မြောက် အထိမ်းအမှတ်ဖြစ်ကြောင်း သိရသည်။ လန်ချန်း-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့က အတူတကွစတင် တည်ထောင်သည့် ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအသစ်တစ်ခုဖြစ်ပြီး လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံအကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ မြစ်ကမ်းတစ်လျှောက် နိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန်နှင့် ဒေသတွင်း စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု သာယာဝပြောရေးကို အတူတကွထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်သည်။
ယခုအကြိမ် အခမ်းအနားသည် လန်ချန်း-မဲခေါင်မြစ်၏ မြစ်ဖျားဒေသအဖြစ် ချင်းဟိုင်၏ ထူးခြားသော ပထဝီဝင် အားသာချက်ကို အခြေခံထားသည်။ လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံအကြား နက်ရှိုင်းသော လူမှုယဉ်ကျေးမှု အမွေအနှစ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံများကို အမှီပြု၍ လူမှုယဉ်ကျေးမှု ဖလှယ်မှုကို ချိတ်ဆက်မှုအဖြစ် အသုံးပြုကာ နယ်ပယ်ဖြတ်ကျော် ဆွေးနွေးမှု ပလက်ဖောင်းတစ်ခုကို တည်ဆောက်ခြင်းဖြင့် လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဂေဟဗေဒနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည်။
ယခုအကြိမ် အခမ်းအနားကာလအတွင်း နိုင်ငံခြောက်နိုင်ငံမှ ကိုယ်စားလှယ်များသည် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး စသည့် အကြောင်းအရာများကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြမည်ဖြစ်သည်။ ၎င်းတို့သည် အတွေ့အကြုံများ ဖလှယ်ကြပြီး ဘက်အသီးသီး၏ သဘောတူညီမှုများ စုစည်းကာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ အစားအသောက် အတွေ့အကြုံများနှင့် ထူးချွန်သော ယဉ်ကျေးမှုနှင့် အနုပညာလက်ရာများ ပြသတင်ဆက်မှု စသည့် ကဏ္ဍများတွင် နက်နက်ရှိုင်းရှိုင်း ဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ချင်းဟိုင်ပြည်နယ် သက်ဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာ နိုင်ငံခြားကိုယ်စားလှယ်များက မိတ်ဖက်မြို့များ အတူတကွတည်ဆောက်ရေး၊ မီဒီယာဖြန့်ချိရေးနှင့် အားကစားလေ့ကျင့်ရေး စသည့် နယ်ပယ်များတွင် တစုတစည်းတည်း လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
...........................
(Chinese Version)
澜湄六国代表齐聚青海共促人文经贸合作
新华社西宁8月29日电(记者柳泽兴)8月28日晚,“遇·鉴——澜湄合作源头对话”活动在青海省西宁市开幕。来自澜沧江-湄公河流域的六国代表齐聚三江源,推动文明互鉴,促进民心相通,助力构建更为紧密的澜湄国家命运共同体。
据了解,今年是澜湄合作首次领导人会议召开十周年。澜沧江-湄公河合作是中国与柬埔寨、老挝、缅甸、泰国、越南共同发起和建设的新型次区域合作机制,旨在深化澜湄六国睦邻友好和务实合作,促进沿岸各国经济社会发展,建设澜湄国家命运共同体,共同维护和促进地区持续和平与发展繁荣。
本次活动立足青海作为澜沧江-湄公河源头的独特区位优势,依托澜湄六国深厚的人文渊源与合作基础,以人文交流为纽带搭建跨界对话平台,促进澜湄六国商务、文化、旅游、生态、青年发展等多领域合作对接。
活动期间,六国代表将围绕产业合作发展、生态环境保护、文化遗产保护等议题进行友好对话,交流分享经验,凝聚各方共识,同时聚焦澜湄流域青年合作对话、文旅推介、美食体验、优秀文艺作品展演等方面开展深入交流。
在活动开幕式上,青海省相关部门与有关外方代表就友城共建、媒体传播、体育训练等领域进行了集中签约。(完)








