
ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အရှိန်အဟုန်ဖြင့် တိုးတက်မှု၏ အားကောင်းသော မောင်းနှင်အားဖြစ်သည်။
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် ပို့ကုန်သွင်းကုန်ပမာဏသည် တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် ၃.၆၅ ထရီလီယံနှင့် ၃.၇၅ ထရီလီယံ အသီးသီးရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၃.၈ ရာခိုင်နှုန်းနှင့် ၂.၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ယခုနှစ် ပထမ ၇ လတွင် ပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် ၂.၄၂ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၄.၉ ရာခိုင်နှုန်း မြင့်တက်လာရာ ဒေသတွင်း ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာများ အဆက်မပြတ် ထုတ်လွှတ်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ ဩဂုတ် ၂၈ ရက်က သိရသည်။
လျှပ်စစ်နှင့် စက်ပစ္စည်းထုတ်ကုန်များသည် တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သည့် “အဓိကအင်အားစု” ဖြစ်သည်။ ယခုနှစ် ရှေ့ ၇ လအတွင်း တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် ပို့ကုန်ပမာဏသည် ယွမ် ၁.၅၈ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းအနက် လျှပ်စစ်နှင့် စက်ပစ္စည်းထုတ်ကုန်များ တင်ပို့မှုသည် ယွမ် ၉၉၈.၃၅ ဘီလီယံရှိပြီး ယမန်နှစ် ကာလတူထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာကာ အလားတူကာလအတွင်း တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် တင်ပို့မှု စုစုပေါင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထို့ပြင် ကားတင်ပို့မှုပမာဏသည် ယွမ် ၁၁၉.၃၃ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၇၁.၂ ရာခိုင်နှုန်း မြင့်တက်လာကာ အကျိုးထမ်းဆောင်ရွက်မှု အများဆုံး ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။
သွင်းကုန်ကဏ္ဍ၌ ယခုနှစ် ရှေ့ ၇ လအတွင်း တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများထံမှ သွင်းကုန်ပမာဏသည် ယွမ် ၈၄၀.၂၁ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်းအနက် စွမ်းအင်အရင်းအမြစ်ပုံစံ ထုတ်ကုန်သည် အဓိကတိုးတက်မှုရှိသည့် ကဏ္ဍဖြစ်သည်။
ယခုနှစ် ရှေ့ ၇ လတွင် တရုတ်နိုင်ငံသည် SCO အခြားအဖွဲ့ဝင်နိုင်ငံများထံမှ စွမ်းအင်ထုတ်ကုန် တန်ဖိုး ယွမ် ၃၆၄.၇၆ ဘီလီယံ တင်သွင်းခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၄.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ အလားတူကာလအတွင်း တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများထံမှ တင်သွင်းမှု စုစုပေါင်းပမာဏ၏ ၄၃.၄ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် သတ္တုရိုင်းနှင့် သတ္တုတွင်းထွက်ပစ္စည်းများ၊ လယ်ယာထွက်ကုန်များ တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ၄၄.၉ ရာခိုင်နှုန်း နှင့် ၂၅.၆ ရာခိုင်နှုန်းစီ အသီးသီး တိုးတက်လာခဲ့သည်။
အသေးစိတ်နိုင်ငံအရ ကြည့်ပါက ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန် တို့သည် တရုတ်နိုင်ငံအတွက် SCO အဖွဲ့ဝင်နိုင်ငံများအနက် ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်နိုင်ငံကြီး သုံးနိုင်ငံဖြစ်ပြီး ယခုနှစ် ရှေ့ ၇ လတွင် ပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် ၁.၁ ထရီလီယံ၊ ယွမ် ၇၄၈.၃၉ ဘီလီယံ၊ ယွမ် ၂၂၄.၂၉ ဘီလီယံ အသီးသီး ရှိခဲ့ကာ ယမန်နှစ်အလားတူကာလထက် ၂၁.၅ ရာခိုင်နှုန်း၊ ၁၈.၄ ရာခိုင်နှုန်း၊ ၁၉.၄ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ ၎င်းတို့သုံးနိုင်ငံစုစုပေါင်းသည် တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် ပို့ကုန်သွင်းကုန်စုစုပေါင်းပမာဏ၏ ၈၅.၆ ရာခိုင်နှုန်းရှိသည်။ အလားတူကာလအတွင်း တရုတ်နိုင်ငံက ကာဂျစ္စတန်၊ အီဂျစ် နိုင်ငံတို့အပေါ် ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ် ၈၁၁.၉ ဘီလီယံနှင့် ၉၅.၁၉ ဘီလီယံတို့ အသီးသီးရှိကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中国对上合组织其他成员国进出口保持稳定增长
新华社北京8月28日电(记者邹多为)经贸合作是上海合作组织蓬勃发展的强大引擎。记者28日从海关总署获悉,近年来中国对上合组织其他成员国进出口保持稳定增长,2024年和2025年分别进出口3.65万亿元、3.75万亿元,较上年同比分别增长3.8%、2.8%;今年前7个月,进出口2.42万亿元,同比增长14.9%,区域经贸合作潜力不断释放。
机电产品是中国对上合组织其他成员国出口的“主力军”。前7个月,中国对上合组织其他成员国出口1.58万亿元,同比增长13.9%。其中,出口机电产品9983.5亿元,同比增长15.7%,占同期中国对上合组织其他成员国出口总值比重超60%;出口汽车1193.3亿元,同比增长71.2%,为贡献最大的单项产品。
进口方面,前7个月,中国自上合组织其他成员国进口8402.1亿元,同比增长16.6%,其中能源资源型产品是主要增长点。前7个月,中国自上合组织其他成员国进口能源产品3647.6亿元,同比增长14.1%,占同期中国自上合组织其他成员国进口总值的43.4%;进口金属矿及矿砂、农产品同比分别增长44.9%、25.6%。
从具体国别看,俄罗斯、印度、哈萨克斯坦为中国在上合组织其他成员国中前三大贸易伙伴,前7个月,分别进出口1.1万亿元、7483.9亿元、2242.9亿元,同比分别增长21.5%、18.4%、19.4%,三者合计占中国对上合组织其他成员国进出口总值的85.6%。同期,中国对吉尔吉斯斯坦、埃及进出口分别为811.9亿元、951.9亿元。(完)
图说:这是8月4日拍摄的石家庄国际陆港集装箱吊装现场(无人机照片)。新华社发(梁子栋 摄)








