
ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) သည် ကျဲ့ကျန်းနှင့် ဖူကျန့်ပြည်နယ်က တိုင်ဖွန်းမုန်တိုင်းဘေးအန္တရာယ်အလွန် အရေးပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအား ပံ့ပိုးကူညီရန်အတွက် ဗဟိုအစိုးရဘက်ဂျက်မှ ယွမ်သန်း ၁၀၀ အား အရေးပေါ်စီစဉ်ထားပေးကြောင်း၊ ယင်းရန်ပုံငွေကို ဘေးဒဏ်သင့်ဒေသများရှိ ပျက်စီးသွားသော လမ်းများ၊ ရေအရင်းအမြစ်များ စသည့် အခြေခံအဆောက်အအုံများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အဆောက်အအုံများ၏ တိုင်ဖွန်းမုန်တိုင်းအလွန် အရေးပေါ် ပြန်လည်ထူထောင်ရေး တည်ဆောက်မှုအတွက် အဓိကထား အသုံးပြုမည်ဖြစ်ပြီး ပုံမှန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝ အမြန်ဆုံး ပြန်လည်ထူထောင်ရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထောက်က ဩဂုတ် ၂၈ ရက်တွင် NDRC ထံမှ သိရှိရသည်။
ယခုနှစ် အမှတ် (၁၈) တိုင်ဖွန်းမုန်တိုင်း “Saudel” သည် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုးမြို့ ယွိဟွမ်ခရိုင်အဆင့်မြို့နှင့် ဝန်းကျိုးမြို့ လုန်ဝမ်းခရိုင်တို့၏ ကမ်းရိုးတန်းဒေသများကို ဆက်တိုက် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထိုနေ့တွင်ပင် တရုတ်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေးကော်မတီ၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က ယခုအကြိမ်တိုင်ဖွန်းမုန်တိုင်းကြောင့် ကျဲ့ကျန်းနှင့် ဖူကျန့်ပြည်နယ်များတွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော သက်ရောက်မှုများအတွက် အမျိုးသားအဆင့် ၄ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စတင်ဆောင်ရွက်ခဲ့သည်။ (Xinhua)
..................................
(Chinese Version)
国家发展改革委安排1亿元支持浙江、福建台风灾害灾后应急恢复
新华社北京8月28日电 记者28日从国家发展改革委获悉,国家发展改革委紧急安排中央预算内投资1亿元,支持浙江、福建做好台风灾害灾后应急恢复,重点用于灾区受损道路、水利等基础设施和学校、医院等公共服务设施灾后应急恢复建设,推动尽快恢复正常生产生活秩序。
8月28日早晨,今年第18号台风“沙德尔”先后在浙江台州玉环市、温州龙湾区沿海登陆。当日,国家防减救灾委、应急管理部针对本次台风对浙江、福建造成的严重影响,启动国家四级救灾应急响应。(完)
图说:8月9日在台州玉环坎门街道东沙社区拍摄的风浪。新华社记者 黄宗治 摄








