တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်ရှိ Beidahuang Group ၏ စိုက်ပျိုးမွေးမြူရေးမြေယာတစ်ခုအပေါ်တွင် ကောက်ပဲသီးနှံကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဝေဟင်မှပျံသန်းလုပ်ဆောင်နေသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာလေယာဉ်တစ်စင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်ရှိ Beidahuang Group ၏ စိုက်ပျိုးမွေးမြူရေးမြေယာတစ်ခုအပေါ်တွင် ကောက်ပဲသီးနှံကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဝေဟင်မှပျံသန်းလုပ်ဆောင်နေသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာလေယာဉ်တစ်စင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်ဥပဒေပြုပြဋ္ဌာန်းသူကိုယ်စားလှယ်များက လယ်ယာစိုက်ပျိုးမွေးမြူရေးမြေ ကာကွယ်ရေးနှင့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို သြဂုတ် ၂၈ ရက်က မဲခွဲအတည်ပြုခဲ့ကြပြီး အဆိုပါဥပဒေသစ်မှာ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ စတင်အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကို သြဂုတ် ၂၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ နောက်ဆုံးအစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥပဒေတွင် လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကို စပါးနှင့်ပြောင်းစေ့ကဲ့သို့ ကောက်ပဲသီးနှံများ၊ ဝါဂွမ်း၊ ဆီထွက်သီးနှံများ၊ သကြားထုတ်လုပ်နိုင်သော သီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြား စိုက်ပျိုးရေးထွက်ကုန်များအပြင် တိရစ္ဆာန်အစားအစာများအတွက် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကထားပြီး အသုံးပြုရမည်ဟု ပြဋ္ဌာန်းထားသည်။  တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးနှင့် မြေယာကို ချွေတာပြီး ထိရောက်စွာအသုံးချသည့် အတင်းကျပ်ဆုံးစနစ်ကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် နိုင်ငံ၏အနိမ့်ဆုံးသတ်မှတ်ချက်ကိုလည်း ခိုင်မာစွာ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါဥပဒေတွင် လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် တာဝန်ခံမှုစနစ်တစ်ခုကိုလည်း ထည့်သွင်းထူထောင်ထားသည်။ တာဝန်ရှိသူများက ၎င်းတို့၏ရာထူးတာဝန်များမှထွက်ခွာသွားချိန်တွင် လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးနှင့် အရည်အသွေးမြှင့်တင်မှုများ၏ဆောင်ရွက်ချက်ရလဒ်များကိုလည်း ပြန်လည်သုံးသပ်စစ်ဆေးသွားမည်ဖြစ်သည်။

အလားတူ ယင်းဥပဒေတွင် လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာလုပ်ကိုင်နိုင်ရေးအတွက် ဂြိုဟ်တုမှတစ်ဆင့် အဝေးမှစောင့်ကြည့်လေ့လာခြင်း၊ အချက်အလက်အများအပြားကို ခွဲခြမ်းစိတ်ဖြာခြင်း၊ Cloud Computing နှင့် ဉာဏ်ရည်တုနည်းပညာကဲ့သို့ ခေတ်မီသတင်းအချက်အလက်နည်းပညာများနှင့် နည်းစနစ်များကို အသုံးပြုရမည်ဟု ပြဋ္ဌာန်းထားသည်။

လယ်ယာစိုက်ပျိုးမွေးမြူရေးမြေကာကွယ်ရေးမှာ စားနပ်ရိက္ခာဖူလုံရေးအတွက်အရေးပါနေမှုကြောင့် တရုတ်နိုင်ငံ၏ အဓိကဦးစားပေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်လျက်ရှိနေသလို နိုင်ငံ၏ စုစုပေါင်းလယ်ယာစိုက်ပျိုးမွေးမြူရေးမြေဧရိယာကိုလည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးကန့်သတ်ချက် တရုတ်မူ (Mu) ၁.၈ ဘီလီယံ (ဟက်တာပေါင်း ၁၂၀ သန်းခန့်) အထက်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြုအဖွဲ့သည် ပြင်ဆင်ထားသော စိုက်ပျိုးမွေးမြူရေးဥပဒေကိုလည်း သြဂုတ် ၂၈ ရက်က အတည်ပြုခဲ့ကာ အဆိုပါပြင်ဆင်ချက်မှာ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အစီအမံများအား တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

......................

(English version)

China adopts new law to protect farmland

BEIJING, Aug. 28 (Xinhua)

Chinese lawmakers on Friday voted to adopt a new law on farmland protection and quality improvement, which will take effect on Jan. 1, 2027.

The law was passed at the latest session of the Standing Committee of the National People's Congress, which concluded on Friday.

The law stipulates that farmland should be primarily used for the production of grain, cotton, oil crops, sugar crops, vegetables and other agricultural products, as well as forage and feed crops. China continues to enforce the strictest farmland protection system and the strictest economical and intensive land use system, and firmly uphold its red line for farmland protection.

The law also establishes an accountability system for farmland protection and food security. The effect of farmland protection and quality improvement will be reviewed when officials leave their posts.

It also stipulates that the country shall employ modern information technologies and means such as satellite remote sensing, big data, cloud computing and artificial intelligence to enhance the work of farmland protection and quality improvement.

Farmland protection has remained high on China's agenda due to its importance to food security, as the country steps up efforts to keep its total farmland area above the red line of 1.8 billion mu (about 120 million hectares).

The country's top legislature on Friday also adopted a revised Agriculture Law, with the amendment seeking to improve measures supporting agricultural and rural economic development. ■

Photo caption: An aerial drone photo taken on July 29, 2026 shows an agricultural plane carrying out aerial crop protection operations over a farmland of Beidahuang Group in northeast China's Heilongjiang Province. (Photo by Li Ang/Xinhua)