၂၀၂၂ ခုနှစ် ကမ္ဘာ့ 5G ညီလာခံ ပြခန်းအတွင်းရှိ ပြပွဲ ကြော်ငြာဘုတ်တစ်ခုကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ 5G ညီလာခံ ပြခန်းအတွင်းရှိ ပြပွဲ ကြော်ငြာဘုတ်တစ်ခုကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ 5G ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းများကို ပုံမှန်အရှိန်အဟုန်ဖြင့် ခိုင်မာစွာ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များ၌ ဖော်ပြထားသည်။ ဇူလိုင်လကုန်အထိ အခြေခံ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း ၃ ခုနှင့် China Broadnet တို့၏ မိုဘိုင်းလ်ဖုန်း အသုံးပြုသူ စုစုပေါင်း ၁.၈၄၇ ဘီလီယံ ရှိလာပြီး ၎င်းတို့အနက် 5G မိုဘိုင်းဖုန်း အသုံးပြုသူ ၁.၃၀၃ ဘီလီယံအထိ ရှိကာ မိုဘိုင်းဖုန်း အသုံးပြုသူ စုစုပေါင်း၏ ၇၀.၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဒေတာအချက်အလက်များအရ ယခုနှစ် ပထမ ၇ လအတွင်း အခြေခံအဆောက်အအုံသစ် တည်ဆောက်ရေးလုပ်ငန်းများကို အစီအစဉ်တကျ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လကုန်အထိ 5G တာဝါတိုင် စုစုပေါင်း ၅.၁၅၄ သန်းရှိလာပြီး လွန်ခဲ့သည့်နှစ်ကုန်ကထက် ၃၁၆,၀၀၀ အသားတင်တိုးပွားလာခဲ့သည်။ တစ်နိုင်ငံလုံး အင်တာနက် Broadband access port အရေအတွက်မှာ ၁.၂၇ ဘီလီယံရှိပြီး ၎င်းတို့အနက် ဖိုက်ဘာ လိုင်းချိတ် port (FTTH/O)အရေအတွက်မှာ ၁.၂၃ ဘီလီယံအထိ ရှိလာကာ လွန်ခဲ့သည့်နှစ်ကုန်ကထက် ၁၉.၃၅ သန်း တိုးတက်လာပြီး အင်တာနက် Broadband access port စုစုပေါင်း၏ ၉၆.၇ ရာခိုင်နှုန်း ရှိလာခဲ့သည်။

မိုဘိုင်း အင်တာနက် ဒေတာ သုံးစွဲမှု ပမာဏ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပထမ ၇ လအတွင်း မိုဘိုင်း အင်တာနက် ဒေတာသုံးစွဲမှု စုစုပေါင်း မှာ ၂၅၈.၇ ဘီလီယံ GB အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၇.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အင်တာနက် အခြေပြု ပစ္စည်းများ ချိတ်ဆက်ခြင်း (IoT) စသည့် အသုံးပြုသူ ပမာဏ အရေအတွက်မှာ ဆက်လက် တိုးချဲ့ များပြားလာခဲ့ရာ ဇူလိုင်လကုန်အထိ အဓိက အခြေခံ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကြီး ၃ ခုမှ မိုဘိုင်း IoT စက်ပစ္စည်း သုံးစွဲသူ ၂.၉၉၃ ဘီလီယံအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်ကုန်ကထက် ၁၀၅ သန်း အသားတင် တိုးတက်လာခဲ့သည်။ အင်တာနက် အခြေပြု ရုပ်မြင်သံကြား ဝန်ဆောင်မှု (IPTV, OTT) အသုံးပြုသူ အရေအတွက်မှာ ၄၀၉ သန်းအထိ ရှိလာပြီး လွန်ခဲ့သည့်နှစ်ကုန်ကထက် ၆၈၃,၀၀၀ အသားတင် တိုးတက်လာခဲ့သည်။

ပုံသေ ဘရော့ဘန်း ချိတ်ဆက်မှု အသုံးပြုသူများမှာလည်း 5G သို့မဟုတ် မြန်နှုန်းမြင့် ကွန်ရက်ဘက်သို့ ဆက်လက် ကူးပြောင်းလာခဲ့ကြသည်။ ဇူလိုင်လကုန်အထိ အဓိက အခြေခံ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကြီး ၃ ခု၏ ပုံသေ အင်တာနက် ဘရော့ဘန်း ချိတ်ဆက်အသုံးပြုသူ စုစုပေါင်း ၇၀၂ သန်း ရှိလာပြီး ၎င်းတို့အနက် ချိတ်ဆက်မှု အမြန်နှုန်း 1000Mbps နှင့်အထက် ရှိသော ပုံသေ အင်တာနက် ဘရော့ဘန်း အသုံးပြုသူ ၂၆၀ သန်းအထိ ရှိလာကာ လွန်ခဲ့သည့်နှစ်ကုန်ကထက် ၂၁.၉၈ သန်း အသားတင် တိုးတက်လာခဲ့ကြောင်း၊ စုစုပေါင်း အသုံးပြုသူ အရေအတွက်၏ ၃၇.၁ ရာခိုင်နှုန်း ရှိလာပြီး လွန်ခဲ့သည့်နှစ်ကုန်ကထက် ၂.၆ ရာခိုင်နှုန်းပွိုင့် တိုးတက်လာကြောင်း သိရသည်။ (Xinhua)

-----------------------

(Chinese Version)

我国5G移动电话用户占比超七成

新华社北京8月28日电(记者周圆)工业和信息化部28日发布的数据显示,今年以来,我国5G网络建设稳步推进。截至7月末,三家基础电信企业及中国广电的移动电话用户总数达18.47亿户,其中5G移动电话用户达13.03亿户,占移动电话用户的70.5%。

  数据显示,前7个月,新型基础设施建设有序推进。截至7月末,5G基站总数达515.4万个,比上年末净增31.6万个;全国互联网宽带接入端口数量达12.7亿个,其中光纤接入(FTTH/O)端口达到12.3亿个,比上年末净增1935万个,占互联网宽带接入端口的96.7%。

  移动互联网流量较快增长。前7个月,移动互联网累计流量达2587亿GB,同比增长17.6%。物联网等用户规模持续扩大,截至7月末,三家基础电信企业发展移动物联网终端用户29.93亿户,比上年末净增1.05亿户;互联网电视(IPTV、OTT)用户数达4.09亿户,比上年末净增68.3万户。

固定宽带接入用户持续向千兆转移。截至7月末,三家基础电信企业的固定互联网宽带接入用户总数达7.02亿户,其中1000Mbps及以上接入速率的固定互联网宽带接入用户达2.6亿户,比上年末净增2198万户,占总用户数的37.1%,占比较上年末提升2.6个百分点。

1. 2022 年8月10日拍摄的2022世界5G大会展厅里的展板。新华社记者 张涛 摄