
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
လက်ရှိတွင် ပေကျင်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် ရှုံအန်း ကျောင်းပရဝဏ် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ China Construction Second Engineering Bureau Co. Ltd (CCSEB) အပါအဝင် ပါဝင်တည်ဆောက်သည့် အဖွဲ့အစည်းများက ဆောက်လုပ်ရေး လုပ်ငန်းစဉ် အချိန်ဇယားများကို စနစ်တကျ စိစစ်ကြပ်မတ်၍ စီမံကိန်းတည်ဆောက်ရေးကို စံချိန်စံညွှန်းမြင့်မားစွာ၊ အရည်အသွေးမြင့်မားစွာဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ပေကျင်းမြို့မှ ပြောင်းရွှေ့အခြေစိုက်မည့် ပထမအသုတ် တက္ကသိုလ် ၄ ခုအနက် တစ်ခုဖြစ်သော ပေကျင်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၏ ရှုန်းအန်း ကျောင်းပရဝဏ် ပထမအဆင့် စီမံကိန်းတွင် ခွင့်ပြုချက်ရရှိထားသော အဆောက်အအုံ ၆၈ လုံး တည်ဆောက်ရေးကို ဘက်ပေါင်းစုံမှ အပြည့်အဝ စတင်ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့အနက် ၂၀၂၇ ခုနှစ် စက်တင်ဘာလတွင် ကျောင်းစတင်ဖွင့်လှစ်ရန် လိုအပ်သည့် အဆောက်အအုံ ၄၄ လုံးမှာ ခေါင်မိုးမိုးခြင်း လုပ်ငန်းများ အပြည့်အဝ ပြီးစီးခဲ့ပြီဖြစ်ပြီး တည်ဆောက်ရေး ဗဟိုချက်ကို ဒုတိယအဆင့် အဆောက်အအုံအုတ်စီခြင်း၊ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်း၊ အဆောက်အအုံ အတွင်းအပြင် အလှဆင်ခြင်းအပြင် အဆောက်အအုံ ပြင်ပလမ်းများနှင့် ဥယျာဉ်နှင့် ပတ်ဝန်းကျင် ရှုခင်းသာ တည်ဆောက်ရေးအဆင့်သို့ ကူးပြောင်းဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)
------------------
(Chinese Version)
北京科技大学雄安校区建设加速推进
时下,北京科技大学雄安校区建设正酣,中建二局等参建单位严格把控施工节点计划,高标准、高质量推进项目建设。作为4所首批疏解高校雄安校区之一,北京科技大学雄安校区一期工程批复建设的68栋建筑已全面铺开,其中2027年9月开门办学所需的44栋建筑已全部封顶,建设重心将转入二次结构砌筑、机电安装、室内外装饰装修以及室外道路、景观施工阶段。
1. 这是8月28日拍摄的北京科技大学雄安校区建设现场(无人机照片)。新华社记者 牟宇 摄
2. 8月28日,中建二局工人在北京科技大学雄安校区建设现场施工。新华社记者 牟宇 摄








