တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ကယ်ဆယ်ရေးအင်အားစုများ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ကယ်ဆယ်ရေးအင်အားစုများ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကျီလုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နီပေါနိုင်ငံဘက်ခြမ်း၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခဲ့ခြင်းကြောင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန် နယ်စပ်ဂိတ်တွင် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိကာ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အဖွဲ့အစည်းပေါင်းစုံမှ အင်အားများ ဘေးဒဏ်သင့်ဒေသ သို့ အရေးပေါ်သွားရောက်ကူညီခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့များသည် " ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း " သုံးမျိုးလုံးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

------------------------------------------

(Chinese Version)

“水陆空”并进持续开展西藏吉隆泥石流抢险搜救工作

8月26日10时30分许,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联。灾害发生后,多方力量驰援一线,救援队伍“水陆空”并进持续开展搜救营救工作。

1. 8月28日,救援力量在开展工作(视频截图)。新华社发

2. 8月28日,救援人员在抢通道路。新华社发