တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ဝူဟန့်အိုးပင်း ၂၀၂၆ စနူကာပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ကျောက်ရှင်းထုန်ကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၇ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ဝူဟန့်အိုးပင်း ၂၀၂၆ စနူကာပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ကျောက်ရှင်းထုန်ကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၇ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ စနူကာကစားသမားများဖြစ်ကြသည့် ကျောက်ရှင်းထုန်နှင့် ချန်ပင်းယွိတို့မှာ သြဂုတ်၂၈ ရက်က ကျင်းပခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နှစ်ဦးစလုံးအနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့စနူကာ ဝူဟန့်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်ကစားသမားအချင်းချင်း တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သြဂုတ်၂၈ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည့်ပွဲစဉ်တွင် ချန်ပင်းယွိက ကမ္ဘာ့ချန်ပီယံ ၇ ကြိမ်ဆုရှင် ရွန်နီအိုဆူလီဗန်ကို ၆-၃ ပွဲရလဒ်ဖြင့် အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိခဲ့ပြီး ၎င်းငယ်စဉ်ကတည်းက အားကျခဲ့ရသူကို ကစားသမားဘဝ၌ ပထမဆုံးအကြိမ်အနိုင်ရခဲ့ခြင်းဖြစ်သလို ၎င်း၏ ကစားသမားဘဝတွင်လည်း ဗိုလ်လုပွဲသို့ ဒုတိယအကြိမ်မြောက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲမှာ အစပိုင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရသည်။ နှစ်ဦးစလုံး အမှားများဖြင့် ရုန်းကန်ခဲ့ရပြီး ဆူလီဗန်က ပြစ်ဒဏ်သုံးကြိမ်ပြုလုပ်မိခဲ့ကာ ချန်က ပထမဆုံးပွဲငယ်တွင် ၆၉-၂၄ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းနောက် ချန်ကပင် ၇၃ မှတ် 'break' တစ်ခုကို အရထိုးယူကာ ဒုတိယပွဲငယ်အား ဆက်လက်အနိုင်ရခဲ့ပြီး ၂-၀ ပွဲရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

တတိယပွဲငယ်တွင် အိုဆူလီဗန်က ၈၂ မှတ် 'break' ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး စတုတ္ထပွဲငယ်ကိုလည်း အနိုင်ရခဲ့ကာ ၂-၂ ပွဲရလဒ်ဖြင့် သရေကျခဲ့သည်။ သို့သော် အနားယူချိန်ပြီးနောက် ချန်က အိုဆူလီဗန်၏ အမှားအယွင်းများကို အခွင့်ကောင်းယူကာ ၄-၂ ပွဲအနိုင်ရလဒ်ဖြင့် ဦးဆောင်သွားနိုင်ခဲ့သည်။

အိုဆူလီဗန်က ၅၈ မှတ် 'break' ဖြင့် တစ်ပွဲပြန်လည်အနိုင်ယူနိုင်ခဲ့သော်လည်း ချန်က ၆၉ မှတ် 'break' ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကာ အနိုင်ရရန် တစ်ပွဲသာလိုတော့သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ချန်က နဝမမြောက်ပွဲစဥ်တွင် စိတ်တည်ငြိမ်စွာကစားပြီး ၆-၃ ပွဲရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

"ဆူလီဗန်က ကျွန်တော် အားကျရတဲ့ကစားသမားပါ။ ကျွန်တော် အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်လောက်တုန်းက စနူကာဘယ်လိုကစားရမယ်ဆိုတာ သူက ကျွန်တော့်ကို သင်ပေးခဲ့ဖူးပါတယ်။ သူနဲ့အတူ ကစားရတာက အမြဲကျေနပ်စရာကောင်းသလို သူ့ကိုအနိုင်ယူနိုင်ခဲ့လို့လည်း တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်" ဟု ချန်က ပြောကြားခဲ့သည်။

"ကျွန်တော့်ရဲ့ခံစစ်ကစားပုံက အရင်ကထက်ပိုကောင်းလာပြီး စိတ်ပိုင်းဆိုင်ရာကလည်း ပိုမိုတည်ငြိမ်လာပါတယ်။ ကျွန်တော်အမှတ်တွေ ဆုံးရှုံးသွားတဲ့အခါမှာလည်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်" ဟု ချန်က ထပ်လောင်းပြောကြားခဲ့သည်။

ချန်က သြဂုတ် ၂၉ ရက်တွင် ကျင်းပမည့်ဗိုလ်လုပွဲမတိုင်မီ အနည်းငယ်အိပ်စက်အနားယူခြင်းကသာ ၎င်း၏လက်ရှိဦးစားပေးကိစ္စဖြစ်ကြောင်းလည်း ဟာသနှောပြောကြားခဲ့သည်။ "ဒီနေ့ညကောင်းကောင်း အိပ်ပျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးအချိန်တုန်းကတော့ ပွဲမတိုင်ခင် တစ်ညလုံး လုံးဝ အိပ်မပျော်ခဲ့ဘူး။ မနက်ဖြန်တော့ အရင်ကထက် နည်းနည်းပိုကောင်းအောင် ကစားနိုင်မယ်လို့ မျှော်လင့်ပြီး အဲဒီလိုဖြစ်ရင် ကျေနပ်ပါတယ်" ဟု ချန်က ပြောကြားခဲ့သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များအပြီးတွင် လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁ နေရာသို့ ရောက်ရှိခဲ့သည့် ကျောက်ရှင်းထုန်က ညနေပိုင်းပွဲစဥ်တွင် လက်ရှိချန်ပီယံ ရှောင်းကော်တုန့် ကို ၆-၂ ပွဲရလဒ်ဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျောက်က "ဒီနေ့ ကျွန်တော်တို့နှစ်ယောက်စလုံး ကိုယ့်ရဲ့အကောင်းဆုံးလက်ရည်အတိုင်း မကစားနိုင်ခဲ့ပါဘူး။ အဆုံးသတ်ပိုင်းမှာ ပြိုင်ဘက်ထက် ကျွန်တော်က နည်းနည်းမြန်မြန်လေး လိုက်လျောညီထွေဖြစ်စွာကစားနိုင်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခွင့်အရေးတွေရလာတဲ့အခါ အဲဒါတွေကို အရယူနိုင်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

ချန်နှင့်ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲအတွက်လည်း မိမိကိုယ်ကို ဖိအားပိုမိုပေးသွားမည် မဟုတ်ကြောင်း ကျောက်က ပြောကြားခဲ့သည်။

"ဒီဗိုလ်လုပွဲကို ပုံမှန်ပွဲစဉ်တစ်ခုအဖြစ်ပဲသဘောထားပြီး ကျွန်တော့်ရဲ့အကောင်းဆုံးလက်ရည် ရရှိအောင်ပြုလုပ်ပြီး ကစားသွားမှာပါ။ ချန်ရဲ့ လက်ရည်အဆင့်က တကယ့်ကိုမြင့်ပါတယ်။ သူနဲ့ကစားရတာ အလွန်ခက်ခဲတယ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်စလုံးကောင်းစွာကစားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကျောက်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ဝူဟန့်အိုးပင်း ၂၀၂၆ စနူကာပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ချန်ပင်းယွိနှင့် အင်္ဂလန်နိုင်ငံမှ Judd Trump တို့၏ကွာတားဖိုင်နယ်ပွဲစဥ်အတွင်း ကြည့်ရူနေသည့် ချန်ဘင်းယုကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၇ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ဝူဟန့်အိုးပင်း ၂၀၂၆ စနူကာပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ချန်ပင်းယွိနှင့် အင်္ဂလန်နိုင်ငံမှ Judd Trump တို့၏ကွာတားဖိုင်နယ်ပွဲစဥ်အတွင်း ကြည့်ရူနေသည့် ချန်ဘင်းယုကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၇ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)

..............................

(English version)

Zhao, Chang set up all-Chinese final at snooker Wuhan Open

WUHAN, Aug. 28 (Xinhua)

China's Zhao Xintong and Chang Bingyu will meet in an all-Chinese final at the World Snooker Wuhan Open after both players won their semifinals on Friday.

Chang stunned seven-time world champion Ronnie O'Sullivan 6-3 in the afternoon, earning the first victory of his career over his childhood idol and reaching his second career final.

The match was closely contested early. O'Sullivan committed three fouls as both players struggled with mistakes, allowing Chang to take the opening frame 69-24. Chang then added a break of 73 to move 2-0 ahead.

O'Sullivan responded with an 82 break in the third frame and won the fourth to level the match at 2-2. After the interval, however, Chang capitalized on O'Sullivan's mistakes to build a 4-2 lead.

O'Sullivan pulled one frame back with a break of 58, but Chang answered with a 69 break to move within one frame of victory. He then held his nerve in the ninth frame to complete the 6-3 win.

"O'Sullivan is my idol. He taught me how to play when I was 14 or 15. It was always a pleasure to play with him, and I'm really excited to be able to beat him," Chang noted.

"My defense was better than before, and my mentality was also more stable," he added. "I was able to calm myself down when I lost points."

Chang joked that his immediate priority was getting some sleep before Saturday's final. "I just hope I can get a good night's sleep today," Chang said. "Last time I couldn't sleep at all the night before. I hope I can play a little better than last time tomorrow, and I'll be satisfied."

Zhao, who rose to No. 1 in the live world rankings after the quarterfinals, advanced to the final by beating defending champion Xiao Guodong 6-2 in the evening.

"Today neither of us played at our best level. Maybe I adjusted a little faster than my opponent in the end, so when I got opportunities, I was able to take them," Zhao said.

Zhao said he would not put extra pressure on himself in the final against Chang.

"I'll just treat it as an ordinary match that I have to play and do my best," he said. "Chang's level is particularly high. Everyone knows he's very difficult to play against, so hopefully we can both play well." ■

Photo caption.1: China's Zhao Xintong competes during the quarterfinal match at the Wuhan Open 2026 snooker tournament in Wuhan, central China's Hubei Province, Aug. 27, 2026. (Xinhua)

Photo caption.2: Chang Bingyu looks on during the quarterfinal match between Chang Bingyu of China and Judd Trump of England at Wuhan Open 2026 snooker tournament in Wuhan, central China's Hubei Province, Aug. 27, 2026. (Xinhua/Wu Zhizun)