
စုချန်း (ကျန်းဆူး)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စုချန်းမြို့ စုယွိခရိုင်တွင် တည်ရှိသော “ရှန်းယွိ · မန့်ပေါ် အနာဂတ်လူရည်ချွန် အိမ်ရာဝန်း (Xiangyu Manbo Future Talent Community) သည် စုစုပေါင်း ဆောက်လုပ်ရေးဧရိယာ ၂၅၀,၀၀၀ စတုရန်းကီလိုမီတာရှိပြီး လူရည်ချွန်နေအိမ်ခန်း ၂,၈၆၉ ခန်းကို စီစဉ်ရေးဆွဲထားပြီး သက်သာသောစျေးနှုန်းဖြင့် ငှားရမ်းနိုင်ကာ လူဦးရေ ၅,၀၀၀ ဝင်ရောက်နေထိုင်မှုကို ဖြည့်ဆည်းပေးနိုင်သည်။ လက်ရှိအချိန်အထိ ဝင်ရောက်နေထိုင်မှုနှုန်းမှာ ၇၀ ရာခိုင်နှုန်း ကျော်လွန်နေပြီဖြစ်သည်။
အဆိုပါ အိမ်ရာဝန်းတွင် ကြံ့ခိုင်ရေးခန်း (Gym)၊ E-sports အားကစားခန်း၊ ယောဂခန်း (Yoga Room)၊ ရုပ်ရှင်ရုံ၊ စာကြည့်ခန်း စသည့် တစ်နေ့တာလုံး အခမဲ့အသုံးပြုနိုင်သော အများမျှဝေအသုံးပြုသည့်နေရာများကို အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး လေ့ကျင့်ခန်း၊ သင်ယူလေ့လာမှု၊ လူမှုဆက်ဆံရေးနှင့် အပန်းဖြေမှု လိုအပ်ချက်များကိုပါ ဟန်ချက်ညီညီ ဖြည့်ဆည်းပေးထားသည်။ ထို့ပြင် လူရည်ချွန်များ ဆွေးနွေးပွဲများ (TalentSalon)၊ လုပ်ငန်းစတင်တည်ထောင်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ကျွမ်းကျင်မှုသင်တန်းများ၊ အရင်းအမြစ်ချိတ်ဆက်ခြင်း စသည့် လှုပ်ရှားမှုများကို ပုံမှန်ကျင်းပပေးကာ အပြန်အလှန်ဖလှယ် တိုးတက်ရာ ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးပြီး လူရည်ချွန်များ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန် အားဖြည့်ကူညီပေးလျက်ရှိသည်။ (Xinhua)
…………………………
(Chinese Version)
江苏宿迁:人才社区助力“追梦者”安居乐业
新华社照片,宿迁(江苏),2026年8月28日
位于江苏省宿迁市宿豫区的相豫·漫柏未来峯人才社区总建筑面积25万平方米,规划人才住房2869套,以优惠价格出租,可满足5000人入住需求。截至目前,入住率已超七成。社区配齐健身房、电竞室、瑜伽室、电影院、自习吧等全天候免费共享空间,兼顾运动、学习、社交、休闲需求;定期开展人才沙龙、创业分享、技能培训、资源对接活动,搭建交流成长平台,助力人才安居乐业。
图说1:8月27日拍摄的相豫·漫柏未来峯人才社区(无人机照片)。 新华社记者 季春鹏 摄
图说2:8月27日,刚刚入住的两名年轻人在相豫·漫柏未来峯人才社区熟悉环境。新华社记者 季春鹏 摄








