ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နီပေါနိုင်ငံ သမ္မတ Ram Chandra Poudel ထံသို့ နီပေါနိုင်ငံတွင် ရွှံ့နွံပြိုကျမှု ဖြစ်ပွားခြင်းအတွက် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာအား ဩဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က မကြာသေးမီရက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ ကျီလုန်-ရက်ဆွာ နယ်စပ်ဂိတ်၌ ပြင်းထန်သော ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရမှု၊ ပျောက်ဆုံးမှုနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့ပြီး မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအတွက် ဝမ်းနည်းရကြောင်းနှင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ ဒဏ်ရာရရှိသူများနှင့် ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအား စာနာနှစ်သိမ့်အားပေးလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပျောက်ဆုံးသွားသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ သက်ဆိုင်ရာ ပြည်သူလူထုအား ရွှေ့ပြောင်းနေရာချထားခြင်းကို အစွမ်းကုန် ဆောင်ရွက်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အမြန်ဆုံး ကယ်ဆယ်ကုသကာ လူပုဂ္ဂိုလ် ထိခိုက်သေဆုံးမှုကို အတတ်နိုင်ဆုံး လျှော့ချနေသည့်အပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဖြစ်ပွားခြင်းကိုလည်း ကြိုတင်ကာကွယ်လျက်ရှိကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ကံကြမ္မာအကျိုးတူဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် တက်ကြွစွာ ကူညီလိုပြီး တတ်စွမ်းသမျှပံ့ပိုးမှုနှင့် ကူညီမှုများ ထောက်ပံ့ပေးလိုကြောင်း၊ နှစ်နိုင်ငံပြည်သူများအနေဖြင့် အတူလက်တွဲ၍ ဘေးအန္တရာယ်ကို မုချဆောလျင်စွာကျော်လွှားနိုင်ပြီး မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က နီပေါနိုင်ငံ ဝန်ကြီးချုပ် Balendra Shah ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

习近平就尼泊尔遭受泥石流灾害向尼泊尔总统鲍德尔致慰问电  李强向尼泊尔总理巴伦德拉致慰问电

新华社北京8月28日电 8月28日,国家主席习近平就尼泊尔遭受泥石流灾害向尼泊尔总统鲍德尔致慰问电。  

习近平指出,日前中国和尼泊尔边境吉隆-热索瓦口岸发生严重泥石流灾害,造成重大人员伤亡、失联和财产损失。我谨代表中国政府和中国人民,对遇难者表示深切哀悼,向遇难者家属、受伤人员和灾区民众致以诚挚慰问。  

习近平强调,中方正全力以赴搜救失联人员,转移安置相关群众,抓紧救治伤员,最大限度减少人员伤亡,并防止发生次生灾害。中国和尼泊尔山水相连、命运与共,中方愿积极协助尼方开展救援,提供力所能及的支持和帮助。相信两国人民一定能携手早日战胜灾害,重建家园。  

同日,国务院总理李强向尼泊尔总理巴伦德拉致慰问电。(完)