ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် ရွှံ့နွံပြိုကျမှု ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နီပေါနိုင်ငံခြားရေးဝန်ကြီး Shishir Khanal ထံသို့ ဩဂုတ် ၂၈ ရက်တွင် စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။  

ဝမ်ရိက မကြာသေးမီက တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံနယ်စပ်ဖြစ်သော ကျီလုန်-ရက်ဆွာ နယ်စပ်ဂိတ်တွင် ပြင်းထန်သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရမှု၊ ပျောက်ဆုံးမှုနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ မိမိအနေဖြင့် သေဆုံးသူများအတွက် ဝမ်းနည်းရကြောင်းနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား စာနာနှစ်သိမ့်အားပေးပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

တရုတ်-နီပေါ နှစ်နိုင်ငံသည် ကာလရှည်ကြာစွာ အပြန်အလှန်ဖေးမကူညီကာ ဘေးဒုက္ခကို အတူရင်ဆိုင်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့်အတူ နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ ပြည်သူများရှာဖွေကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ကာ ဘေးဒဏ်သင့်ပြည်သူများ မိသားစုဥယျာဉ် အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅就尼泊尔遭受泥石流灾害向尼泊尔外长希西尔致慰问电

新华社北京8月28日电 8月28日,中共中央政治局委员、外交部长王毅就尼泊尔遭受泥石流灾害向尼泊尔外长希西尔致慰问电。   

王毅表示,近日中国和尼泊尔边境吉隆-热索瓦口岸发生严重泥石流灾害,造成重大人员伤亡、失联和财产损失。我谨对遇难者表示哀悼,向遇难者家属表示慰问。长期以来,中尼两国守望相助、患难与共。中方愿同尼方密切协作,全力做好人员搜救和灾后重建工作,使灾区人民早日重建家园。(完)