တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းရေပိုင်နက်၌ပြုလုပ်သည့် လေ့ကျင့်မှုတစ်ခုတွင် တရုတ်ကမ်းခြေစောင့်တပ် (CCG) ၏ ချွမ်းဆန်း သင်္ဘောက သတိပေးသည့်အနေဖြင့် ရေအမြောက်ပစ်ဖောက်နေသည်ကို ၂၀၂၆ ခုနှစ် မေလ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းရေပိုင်နက်၌ပြုလုပ်သည့် လေ့ကျင့်မှုတစ်ခုတွင် တရုတ်ကမ်းခြေစောင့်တပ် (CCG) ၏ ချွမ်းဆန်း သင်္ဘောက သတိပေးသည့်အနေဖြင့် ရေအမြောက်ပစ်ဖောက်နေသည်ကို ၂၀၂၆ ခုနှစ် မေလ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက်ရှုမြင်ချက်မှနေ၍ ကာကွယ်ရေးနှင့်စစ်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးပစ္စည်းနှင့်နည်းပညာ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် သင်ကြားရေး၊ တပ်ဖွဲ့ဝင်များ လေ့ကျင့်ပညာပေးရေးနှင့်ပင်လယ်ပြင်လုံခြုံရေးတို့တွင် ပုံမှန်နှင့်စနစ်တကျလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်း က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ သက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ အပြောင်းအလဲများနှင့် မတည်ငြိမ်မှုများကြုံတွေ့နေရသည့် ကမ္ဘာကြီးအတွင်း ပိုမိုတည်ငြိမ်မှု၊ သေချာမှုနှင့် အပြုသဘောဆောင်သောအကြောင်းရင်းများ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း ကျန်း က ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အရ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် မကြာသေးမီနှစ်များအတွင်း အရည်အသွေးရော ထိရောက်မှုပါ တိုးတက်လာခဲ့ပြီး၊ ကမ္ဘာ့တောင်ဘက်ပိုင်းနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်အတွက် စံနမူနာတစ်ရပ် ဖြစ်လာခဲ့သည်ဟု သိရသည်။ (Xinhua)

…………….

(English Version)

China, Indonesia to advance defense cooperation

BEIJING, Aug. 27 (Xinhua) -- China will work with Indonesia to advance cooperation in defense and military development from a strategic perspective, a defense spokesperson said Thursday.

Zhang Xiaogang, a spokesperson for China's Ministry of National Defense, said at a press conference that the two sides will promote regular and institutionalized practical cooperation on defense equipment and technology, joint exercises and training, personnel training, and maritime security.

This will provide solid security safeguards for their respective development, play a key role in regional stability, and inject more stability, certainty, and constructive factors into a world marked by transformation and disruption, Zhang said.

According to him, defense cooperation between China and Indonesia has improved in both quality and efficiency in recent years, setting an example for new-type defense cooperation among the Global South and major developing countries.

Photo caption: An aerial drone photo taken on May 5, 2026 shows the China Coast Guard (CCG) vessel Chuanshan conducting warning water cannon discharge during a training in the territorial waters of China's Huangyan Dao in the South China Sea. (Xinhua/Chen Bin)