
ကျီလုန် (ရှီးဇန့်)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံဘက်အခြမ်းတွင် ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခြင်းကြောင့် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်အဝင်အထွက်ဂိတ်၌ လူသေဆုံးဒဏ်ရာရမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဘက်ပေါင်းစုံမှ အင်အားများသည် ရှေ့တန်းသို့သွားရောက် အားဖြည့်ကူညီပေးပြီး အချိန်နှင့်အမျှ အပြေးအလွှား လုပ်ဆောင်ကာ ဘေးအန္တရာယ်များကို အံတုခဲ့ကြသည်။
ကျီလုန်မြို့နယ် ကျီလုန်အဝင်အထွက်ဂိတ် မြစ်အထက်ပိုင်းတွင် ရေခဲပြိုကျမှုကြောင့် သဘာဝရေတားတမံ (barrier lake) ဖြစ်လာပြီး မြေအနေအထား တည်ငြိမ်မရှိကာ မြစ်အောက်ပိုင်း ကယ်ဆယ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေခဲ့သည်။ ဓာတ်ပုံများမှာ သတင်းထောက်က China Anneng ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ကျီလုန်အဝင်အထွက်ဂိတ် မြစ်အထက်ပိုင်းရှိ သဘာဝရေတားတမံဆီသို့ သွားရောက်၍ ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
---------------------
(Chinese Version)
记者跟随救援队抵近吉隆口岸上游堰塞湖
新华社照片,吉隆(西藏),2026年8月28日
8月26日10时30分许,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联。灾害发生后,多方力量驰援一线,与时间赛跑、与险情较量。
吉隆镇吉隆口岸上游因冰崩形成堰塞湖,地质不稳定,对下游救援造成威胁。记者跟随中国安能救援队抵近吉隆口岸上游堰塞湖,带来最新报道。
图说1-4:8月28日,勘测专家在中国安能的协助下,前往堰塞湖区域探查情况。 新华社记者 晋美多吉 摄
图说5:8月28日,中国安能救援队前往堰塞湖区域探查情况(视频截图)。新华社记者 晋美多吉 摄








