တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်၊ လျောင်ချိန်မြို့၊ ချီဖိန်ခရိုင်ရှိ ရှင့်ဖား ခေတ်မီစိုက်ပျိုးရေး စက်မှုဥယျာဉ်၏ ချယ်ရီစိုက်ပျိုးရေး ဖန်လုံအိမ်အတွင်း ချယ်ရီပင်များ ပြုစုထိန်းသိမ်းနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်၊ လျောင်ချိန်မြို့၊ ချီဖိန်ခရိုင်ရှိ ရှင့်ဖား ခေတ်မီစိုက်ပျိုးရေး စက်မှုဥယျာဉ်၏ ချယ်ရီစိုက်ပျိုးရေး ဖန်လုံအိမ်အတွင်း ချယ်ရီပင်များ ပြုစုထိန်းသိမ်းနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျောင်ချိန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျောင်ချိန်မြို့ ချီဖိန်ခရိုင်ရှိ ရှင့်ဖား ခေတ်မီစိုက်ပျိုးရေးစက်မှုဥယျာဉ်ကို Xinfa Group Co., Ltd က ယွမ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ချယ်ရီ၊ စတော်ဘယ်ရီ၊ ကကတစ်ငါး နှင့် အသားတိုးယုန်မွေးမြူရေး ဟူသော စိုက်ပျိုးမွေးမြူရေး ကဏ္ဍကြီး ၄ ခု ဟန်ချက်ညီညီ ပူးပေါင်းဖွံ့ဖြိုးတိုးတက်သည့် ပုံစံကို ဖော်ဆောင်ထားပြီးဖြစ်သည်။

လက်ရှိတွင် တစ်နှစ်လျှင် ချယ်ရီနှင့် စတော်ဘယ်ရီ ထွက်ရှိမှု ကျင်း(Jin) ၁ သန်းကျော် နှင့် ခေတ်မီ နည်းပညာသုံး မွေးမြူရေး ကကတစ်ငါး ကျင်း(Jin) ၁ သန်းကျော် ထွက်ရှိလျက်ရှိသည်။ အသားတိုးယုန်မွေးမြူရေးစီမံကိန်း ရာနှုန်းပြည့် လည်ပတ်ပါက တစ်နှစ်လျှင် ယုန်ကောင်ရေ ၁၆ သန်းအထိ မွေးမြူထုတ်လုပ်နိုင်မည် ဖြစ်သည်။

အဆိုပါ စက်မှုဥယျာဉ်သည် ဥယျာဉ်ဇုန်နှင့် ကျေးရွာ အတူတကွတည်ဆောက်ရေးမူကို စွဲကိုင်ထားပြီး အနီးပတ်ဝန်းကျင် ရွာသူရွာသားများ ဝင်ငွေတိုးတက် စေကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ (Xinhua)

------------------------------------------

(Chinese Version)

活力中国调研行|山东茌平探路乡村振兴新样板

山东聊城茌平区信发现代农业产业园,由信发集团投资50亿元打造,已形成樱桃、草莓、鲈鱼、肉兔四大种养板块协同发展格局。目前年产樱桃、草莓超百万斤,工厂化鲈鱼百万斤;肉兔项目满产后年出栏量将达1600万只。园区坚持园村共建,带动周边村民增收,助力乡村振兴。

1. 8月26日,在山东省聊城市茌平区信发现代农业产业园樱桃大棚,员工管护樱桃。新华社记者 戴明轩 摄

2. 8月26日,在山东省聊城市茌平区信发现代农业产业园鲈鱼立体生态养殖车间内,员工投喂鱼料。新华社记者 戴明轩 摄