နံနက်အရုဏ်တက်ချိန်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စစ်ဟုန်ခရိုင် ဟုန်ကျယ်ရေကန် စိမ့်မြေအရပ်ရှိ လျင်ဟွိုင်အပိုင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နံနက်အရုဏ်တက်ချိန်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စစ်ဟုန်ခရိုင် ဟုန်ကျယ်ရေကန် စိမ့်မြေအရပ်ရှိ လျင်ဟွိုင်အပိုင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စုချန်း (ကျန်းဆူး)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် စစ်ဟုန်ခရိုင် ဟုန်ကျယ်ရေကန် စိမ့်မြေ နိုင်ငံအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် စုစုပေါင်းဧရိယာ တရုတ်မူ (Mu) ၇၅၀,၀၀၀ ကျယ်ဝန်းပြီး အရှေ့အာရှ-ဩစတြေးလေးရှား ရွှေ့ပြောင်းငှက်များ ပျံသန်းရာလမ်းကြောင်း၏ အဓိကဆုံရပ်တစ်ခုလည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း စစ်ဟုန်ခရိုင်သည် ဟုန်ကျယ်ရေကန် စိမ့်မြေ ထိန်းသိမ်းရေးနယ်မြေ၏ ဂေဟစနစ်ကို မြှင့်တင်ရန် အစီအမံများစွာကို လုပ်ဆောင်ခဲ့သည်။ ထိန်းသိမ်းရေးနယ်မြေအတွင်း ငှက်မျိုးစိတ်များသည် ၂၀၁၃ ခုနှစ်တွင် ၁၄၇ မျိုးမှ လက်ရှိတွင် ၂၄၀ မျိုးအထိ တိုးလာပြီး ငှက်အကောင်ရေမှာလည်း ယခင်က ၂ သိန်းကျော်မှ ယခုအခါ ၈ သိန်းကျော်အထိ တိုးလာခဲ့သည်။

ဒေသခံများသည် ခရီးသွားဧည့်သည်စင်တာ၊ ဂေဟစနစ်လျှောက်လမ်းများ စသည့် အခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်စေကာ “စိမ့်မြေ လည်ပတ်ကြည့်ရှုခရီးသွားလုပ်ငန်း + အနားယူအပန်းဖြေခရီး” ဂေဟခရီးသွားအမှတ်တံဆိပ်ကို ဖန်တီးခြင်းဖြင့် “ဂေဟဗေဒ +” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ဆန်းသစ်တီထွင်မှုဖြင့် စူးစမ်းလေ့လာခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်ဟုန်ခရိုင် ဟုန်ကျယ်ရေကန် စိမ့်မြေအရပ်သည် နိုင်ငံအဆင့် အရေးပါသော စိမ့်မြေအရပ်များစာရင်းတွင် ပါဝင်ခဲ့သည်။ (Xinhua)

...................................

(Chinese Version)

江苏泗洪:洪泽湖湿地生态美

新华社照片,宿迁(江苏),2026年8月26日

江苏泗洪洪泽湖湿地国家级自然保护区总面积75万亩,是东亚—澳大利西亚候鸟迁徙通道的密集交汇区。近年来,泗洪县采取多项措施改善洪泽湖湿地保护区生态环境,保护区内的鸟类种类由2013年的147种增加到目前的240种,鸟类总数由之前的20余万只增加到80余万只。当地创新探索“生态+”可持续发展模式,通过完善游客中心、生态步道等基础设施,打造“湿地观光+休闲度假”生态旅游品牌。2025年10月,泗洪洪泽湖湿地被列入国家重要湿地名录。

图说1:8月26日拍摄的晨曦下的泗洪洪泽湖湿地临淮段(无人机照片)。新华社发(许昌亮摄)

图说2:8月26日,游客乘坐电动小火车在泗洪洪泽湖湿地观光游览。 新华社发(许昌亮摄)